အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) နှင့် စီးရီးအေပြိုင်ပွဲတာဝန်ရှိသူများ၊ အီတလီရှိ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့တို့ စီးရီးအေကစားသမားများ၏လစာကိစ္စအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အီတလီနိုင်ငံထုတ် La သတင်းစာ၏ ဖော်ပြချက်အရ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလအတွင်း အသင်းငယ်များ ဒေဝါလီခံရမည့်အခြေအနေ ရှောင်လွှဲနိုင်ရန်အတွက် ပြိုင်ပွဲတစ်ခုလုံးမှ ကစားသမား အားလုံး၏လစာကို ပေးချေခြင်းမပြုဘဲ ရပ်ဆိုင်းထားမည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။
''ပဏာမအစီအစဉ်တွေကတော့ အများကြီးပါပဲ။ ကွဲပြားခြားနားတဲ့ အခြေ အနေအမျိုးမျိုးကြားမှာ ကျွန်တော်တို့က ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားရမှာပါ။ လစာကိစ္စကို တနင်္လာနေ့မှာ ဆွေးနွေးသွားမှာပါ။ ဒီရာသီကို ပြန်စတင်နိုင်ရေးကတော့ ဦးစားပေးရည်မှန်းချက်ပါပဲ''ဟု FIGC ဥက္ကဋ္ဌ ဂရာဗီနာက ANSA သတင်းဌာနသို့ ပြောကြားသည်။
အီတလီနိုင်ငံမှာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ပြီး မတ် ၂၈ ရက်အထိ စာရင်းအရ ရောဂါဖြစ်ပွားကြောင်း အတည်ပြုထားသူ ၇၀,၀၆၅ ဦး၊ သေဆုံးသူ ၁၀,၀၂၃ ဦးနှင့် ပြန်လည်ကောင်းမွန်သူ ၁၂,၃၈၄ ဦးရှိသည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စီးရီးအေအပါအဝင် နိုင်ငံတစ်ဝန်းရှိ အားကစားများပြိုင်ပွဲအားလုံးကို အနည်းဆုံး ဧပြီ ၃ ရက်အထိ ရွှေ့ဆိုင်းထားရပြီး ပြန်လည်စတင်နိုင်ရန်လည်း မသေချာသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
