အင်တာမီလန်နည်းပြ ကွန်တီသည် တူရင်မြို့ရှိ ဆေးကျောင်းသားများအတွက် Laptop (၁၂)လုံးလှူဒန်းပေးခဲ့ကြောင်း သိရသည်။
အီတလီနိုင်ငံတစ်ဝှမ်း၌ COVID-19 ရောဂါကြောင့် သေဆုံးသူနှင့် ကူးစက်သူ ဦးရေဆက်လက်မြင့်မားနေသဖြင့် ဆေးရုံများတွင် လက်တွေ့သင်ကြားမှုများအားလုံး ရပ်ဆိုင်းထားရသည်။
ထို့ကြောင့် တူရင်မြို့ရှိ Regina Margherirta ကလေးဆေးရုံတွင် လက်တွေ့သင်ကြားမှုများပြုလုပ်နေသည့် ဆေးကျောင်းသားများသည် အွန်လိုင်းသင်ကြားရေးစနစ်ကို ကျင့်သုံးနေကြရသည်။
အဆိုပါဆေးကျောင်းသားများအတွက် ကွန်တီက Laptop (၁၂)လုံး လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
ဆေးရုံတာဝန်ခံတစ်ဦးဖြစ်သည့် တီဇာနာကာတီနက်ဇိုက ''မမျှော်လင်ထားတဲ့ လက်ဆောင်ပါပဲ။ အခက်အခဲတချို့ကို ပြောပြချိန်မှာ ကွန်တီနဲ့ သူ့ဇနီးက လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ လူနာတွေနဲ့ ပြည့်နေချိန်မှာ သင် ကြားရေးဘယ်လိုမှ မလုပ်ပေးနိုင်ဘဲ အွန်လိုင်းသင်ကြားရေးသာ လုပ်ပေးနိုင်ပါတယ်။ ကွန်တီရဲ့ လှူဒါန်းမှုဟာ ဆေးကျောင်းသားတွေနဲ့ ပြန်လည်ထိတွေ့မှုအတွက် အကူအညီဖြစ်စေပါတယ်''ဟု ပြောကြားခဲ့သည်။
- လက်ရှိရာသီတွင် ကွန်တီသည် အင်တာမီလန်နည်းပြအဖြစ် စီးရီးအေချန်ပီယံလုပွဲကို ဂျူဗင်တပ်စ်နှင့် ဆင်နွှဲနေရသော်လည်း အောင်မြင်မှုများစွာရရှိခဲ့ဖူးသည့် ဂျူဗင်တပ်စ်တည်ရှိရာ တူရင်မြို့သည် ကွန်တီ၏နှလုံးသားထဲ ရှိနေဆဲဖြစ်သည်။
- တူရင်မြို့သည် ကိုရိုနာရိုက်ခတ်ခံရမှု စတုတ္ထအမြင့်ဆုံး ဖြစ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
