စီးရီးအေကလပ် ရိုးမားအသင်းသည် မန်ယူအသင်း၏ အင်္ဂလန်နောက်ခံလူ စမောလင်းအား အပြီးသတ်ခေါ်ယူရန် နီးစပ်လာကြောင်း သိရှိရသည်။
စမောလင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းမှ ရိုးမားအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားလျက်ရှိနေသူဖြစ်ပြီး ရိုးမားအသင်းက ၎င်းအား လာမည့်နွေရာသီတွင် အပြီးသတ်ခေါ်ယူရန် စီစဉ်နေသည်။
ရိုးမားအသင်းတွင် ပုံမှန်နေရာရနေသော စမောလင်းအတွက် မန်ယူအသင်းတာဝန်ရှိသူများက ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းအလိုရှိနေကြောင်း သိရှိရသည်။
စမောလင်းကလည်း ရိုးမားအသင်းတွင်ကစားရသည်မှာ ပျော်ရွှင်ကြောင်းနှင့် အီတလီတွင် ဆက်ရှိသွားလိုသည်ဟု ဝန်ခံပြောကြားထားသည်။
အကယ်၍ ရိုးမားအသင်းတွင် ဆက်ကစားခွင့်ရရှိမည်ဆိုပါက သူ၏လစာငွေကို လျှော့ယူသွားမည်ဖြစ်ကြောင်းလည်း စမောလင်းက ပြောကြားထားသည်။
စမောလင်းနှင့် မန်ယူအသင်း ချုပ်ဆိုထားသောစာချုပ်မှာ ၂၀၂၂ ခုနှစ်အထိဖြစ်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
