ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ လဆန်းပိုင်းမှစ၍ နိုင်ငံတဝန်း ရေကြီးမှုများ ကြုံတွေ့ခဲ့ရပြီး ရေကျသွားသည့် ရမည်းသင်းမြို့ပေါ်၌ လျှပ်စစ်မီး ပြတ်တောက်ထားဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။
“မြို့ပေါ်က ရွာတွေလောက် မဆိုးခဲ့ပေမယ့် ရေတွေတက်တာ၊ လျှပ်စစ်ရုံး မြုပ်တယ်၊ MPT ရုံးမြုပ်တယ်။ အဲဒီတော့ ရှော့ဖြစ်မှာဆိုးလို့ လျှပ်စစ်ရုံးက မီးဖြတ်ထားရတယ်” ဟု မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးကို ရှင်းပြသည်။
လက်ရှိတွင် မြို့ပေါ်၌ ရေကြီးရေလျှံမှု မရှိတော့သော်လည်း လျှပ်စစ်ရုံးအတွင်းရှိ လျှပ်စစ်ဖြန့်ဖြူးသည့် လျှပ်စစ်ပစ္စည်းများအား ပြန်လည် သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ လျှပ်စစ်ရုံးအတွင်း သန့်ရှင်းရေးများ ပြုလုပ်နေပြီး လျှပ်စစ်မီး အမြန်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း ရမည်းသင်း လျှပ်စစ်ရုံး ဝန်ထမ်းတစ်ဦးကလည်း ရှင်းပြသည်။
“မီးကတော့ ပေးနိုင်ဖို့ကြိုးစားနေပါတယ်။ ဒီက တပ်ကုန်း လိုင်းခွဲလည်း ဖြစ်နေတော့ တပ်ကုန်းဘက်က အခြေအနေကိုလည်း ကြည့်နေရတယ်” ဟု ၎င်းက ပြောသည်။
နောက်ဆက်တွဲအနေဖြင့် ရမည်းသင်းမြို့ပေါ်တွင် ညပိုင်းများ၌ နေအိမ်၊ ဆိုင်အများစုသည် မီးစက်အချိန်ဖြင့်နှိုးခြင်း၊ ဆိုလာမီး အသုံးပြုခြင်းများ ပြုလုပ်နေကြသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ ရေကြီးရေလျှံမှုတွင် ရမည်းသင်းမြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၁၅၁၁၃)စု၊ ကျား(၂၃၉၉၅)ဦး၊ မ(၂၉၉၇၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ရေဘေးသင့်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရမည်းသင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စသည့် ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာ ဆွေမျိုးများထံသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
