ရေဘေးသင့် ပြည်သူများထံသို့ အကူအညီများပေးရန် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အမြန်ဆုံးစီစဉ်ဆောင်ရွက်လျှက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း အကူအညီများပေးရန် လုပ်ဆောင်နေကြောင်း ယမန်နေ့တွင် အသင်းက တရားဝင်အသိပေးထားသည်။
အသင်း၏ အသိပေးချက်အရ ရှမ်းပြည်နယ် ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်နှင့် နေပြည်တော်ရှိ ရေဘေးကြောင့် အသက်ဆုံးရှုံးရသူ၊ ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် များစွာဝမ်းနည်းကြေကွဲရသည်ဟု ဖော်ပြထားသည်။
ပေါ်ပြူလာနယူးစ်က ရရှိထားသော အသင်းဖုန်းနံပါတ်အား ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့ မိန်းကလေးအသင်းဘက်ကိုတော့ အဲဒီအစီအစဉ် ဘာမှမသိရသေးဘူး။ အကြီးအသင်းမှာတော့ ဘာအစီအစဉ်လေးတွေရှိတယ်ဆိုတာတော့ ဟိုဘက်ကနေ အကြောင်းကြားမှု ဘာမှမလာသေးပါဘူး”ဟု ဆိုသည်။
“တစ်မြေတည်းနေ တစ်ရေတည်းသောက်သည့် ညီအစ်ကို မောင်နှမများ၏ ဘေးဒုက္ခများအတွက် ရှမ်းယူနိုက်တက်အသင်းက များစွာဝမ်းနည်းကြေကွဲရသည်”ဟု ရေးသားမျှဝေထားသည်။
ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းလိဂ် အသင်းများအနက် အင်အားအတောင့်တင်းဆုံးနှင့် စုဖွဲ့အားကောင်းမွန်သည့်အသင်း တစ်သင်းဖြစ်ပြီး လေးနှစ်ဆက်တိုက် ချန်ပီယံဆုကို ဆွတ်ခူးထားသည့် အသင်းလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
