လက်ရှိ ၂၀၂၄-၂၅ ရာသီမှာကတော့ ဘာစီလိုနာအတွက် လာမာစီယာရဲ့တစ်ကျော့ပြန်လွှမ်းမိုးမှုအကြီးမားဆုံးရာသီပါပဲ။ ဂါဗီ၊ ဘယ်လ်ဒီ၊ ယမားလ်တို့အပြင် ကူဘာစီ၊ ကာဆာဒို၊ ဘာနယ်လ်၊ ဖာမင်လိုပက်ဇ်တို့လို အနာဂတ်အသင်းကြီးအတွက်ကျောရိုးပြုနိုင်သူတွေကို ထပ်မံမွေးထုတ်နိုင်ခဲ့တယ်။ ဂါဗီ ဒဏ်ရာရနေတာ၊ ဘာနယ်လ်ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာတွေကြောင့် လူစုံအသုံးမပြုနိုင်သေးပေမယ့် လာမာစီယာရဲ့ တိုးတက်မှုအရှိန်အဟုန်က ကြောက်ခမန်းလိလိဖြစ်နေဆဲပါပဲ။ ဒါ့ပြင် အန်ဆူဖာတီ၊ အဲရစ်ဂါစီယာနဲ့ ဒါနီအော်လ်မိုတို့လို လာမာစီယာကစားသမားဟောင်းတွေကို ပြန်လည်စုစည်း နိုင်ခဲ့ပြီး လက်ရှိဘာစီလိုနာအသင်းကြီးရဲ့ အပြီး သတ်လူစာရင်းမှာ လာမာစီယာအကယ်ဒမီထွက် ကစားသမား (၁၀)ဦးအထိပါဝင်နေပါတယ်။ လာမာစီယာအတွက်ပိုပြီးဂုဏ်ယူစရာဖြစ်စေမှာက ယူရို-၂၀၂၄ ချန်ပီယံစပိန်လက်ရွေးစင်အသင်းနဲ့ ၂၀၂၄ ပါရီအိုလံပစ်ရွှေတံဆိပ်ရ စပိန်ယူ-၂၃ အသင်းတွေမှာ လက်ရှိဘာစီလိုနာမှာ ကစားနေတဲ့ လာမာစီယာအကယ်ဒမီထွက်ကစားသမား (၅)ဦး (ယမားလ်၊ ဖာမင်လိုပက်ဇ် ၊ အော်လ်မို ယူရို-၂၀၂၄၊ ဖာမင်လိုပက်ဇ်၊ ကူဘာစီ၊ အဲရစ်ဂါစီယာ ပါရီအိုလံပစ်) အထိပါဝင်ခဲ့တာဖြစ်ပြီး (၅)ဦးစလုံးဟာလည်း စပိန်ရဲ့အောင်မြင်မှုတွေမှာ အခရာကျသူတွေဖြစ်ခဲ့တာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
