ကွန်တီသည် နာပိုလီအသင်းအတွက် အသင့်တော်ဆုံးနည်းပြဖြစ်သည်ဟု စီးရီးအေဝါရင့်နည်းပြ ဆာရီ ပြောကြား
24htopnews | September 15, 2024 6:12 PM CST
စီးရီးအေဝါရင့်နည်းပြ ဆာရီက ကွန်တီသည် နာပိုလီအသင်းအတွက် အသင့်တော်ဆုံးနည်းပြဖြစ်ကြောင်း ပြောကြားခဲ့သည်။
စပယ်လက်တီ ထွက်ခွာပြီးနောက် ရုန်းကန်နေရသည့် နာပိုလီအသင်းသည် ယခုနွေရာသီကမှ ကွန်တီကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဆာရီက "ကွန်တီကို ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ နာပိုလီအသင်းက ထိပ်တန်းနည်းပြတစ်ဦးကို ခန့်အပ်နိုင်ခဲ့တာပါ။ ကွန်တီဟာ နာပိုလီအသင်းမှာ သမိုင်းသစ် ရေးထိုးနိုင်သူဖြစ်ပြီး နာပိုလီအသင်းဟာ သူ့ရဲ့ဦးဆောင်မှုနဲ့အတူ အင်အားကြီးထွားလာပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
နာပိုလီအသင်းသည် ယခုရာသီစီးရီးအေပြိုင်ပွဲတွင် သုံးပွဲကစားထားပြီး ၂ ပွဲ နိုင် ၁ ပွဲရှုံးထားကာ ယနေ့ညတွင် ကာဂလီယာရီအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
