ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စံချိန်တင်ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ရေပြန်လည်ကျဆင်းချိန်တွင် ကုန်စိမ်းများ အပါအဝင် အခြေခံ စားသောက်ကုန်များ ဈေးနှုန်း ထက်ဝက်ခန့် မြင့်တက်လာကြောင်း တာချီလိတ်မြို့ခံများထံမှ သိရသည်။
တာချီလိတ်မြို့တွင် စက်တင်ဘာ (၈) ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်ကာ စံချိန်တင်ရေကြီးမှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် စက်တင်ဘာ (၁၂) ရက်တွင် ရေများ ကျဆင်းသွားခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
“ဈေးနှုန်းတွေတော့ အတိကျမသိဘူးပေါ့။ ဈေးကတော့ အရင်ကထက်စာရင် တော်တော်တက်လာတာပါ။ ဂေါ်ဖီထုပ်ဆိုလည်း သောင်းဂဏန်း၊ အခြား အခြေခံ စားသောက်ကုန်တွေဆိုလည်း ဒီလိုပဲ။ ရောင်းတဲ့သူတွေလည်း အခက်ခဲတွေရှိနေတော့ နားလည်ပါတယ်။ တချို့တွေကျ မယ်ဆိုင်ဘက်ကနေ ကုန်စိမ်းတွေ သွားဝယ်ကျတာရှိတယ်။”ဟု တာချီလိတ်မြို့ခံ တစ်ဦးက ပြောသည်။
ထိုသို့ ဈေးနှုန်းမြင့်တက်လာမှုများကို ဖြေရှင်းနိုင်ရန် ကုန်ပစ္စည်းများကို တံတားအမှတ် (၁)မှ တင်သွင်းခွင့် မရပါက တံတားအမှတ်(၂)မှ တင်သွင်းခွင့်ပေးရန် လိုအပ်ကြောင်း တာချီလိတ်မြို့ခံတို့က ဆိုသည်။
တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေမှာ စိုးရိမ်ရေမှတ်အထက် မြင့်တက်ခဲ့ပြီးနောက် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာအိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်းနှင့် ကပ်လျက်လမ်းများ၊ မြို့တွင်းလမ်းမကြီးများ၊ ဈေးများနှင့် စာသင်ကျောင်းများ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေပြန်လည်ကျဆင်းသွားပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး အပါအဝင် အခြားသော ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် ကော်မတီများဖွဲ့စည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
ယာဂီမုန်တိုင်း လက်ကျန်လေပွေလှိုင်းအရှိန်ကြောင့် နိုင်ငံတဝန်း စက်တင်ဘာ (၁၀) နံနက်ပိုင်းမှ စတင်၍ ရေကြီး၊ ရေလျှံမှုများနှင့် ရင်ဆိုင်နေရပြီး၊ လမ်းပိုင်းအချို့တွင်လည်း မြေပြိုခြင်း လမ်းရေကျော်ခြင်းများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၁၀) မြို့ထက်မနည်း ရေနစ်မြုပ်လျက်ရှိကာ ဒေသခံ သိန်းနှင့်ချီ ရေဘေးသင့်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
