ရုရှားနိုင်ငံအတွင်းပိုင်းသို့ ယူကရိန်းတို့ နက်ရှိုင်းစွာ ဝင်ရောက်တိုက်ခိုက်ရန်အတွက် ဂျာမန်လက်နက်များအသုံးပြုခွင့်ပေးရန်မှာ ကြီးမားသောပြဿနာဖြစ်သဖြင့် ထိုသို့ အသုံးပြုခွင့်မပေးဟု ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz ကပြောကြားသည်။ ထို့အပြင် နောက်နောင်တွင် ယူကရိန်းသို့ တာဝေးပစ်လက်နက်များ ထောက်ပံ့ပေးရန်ကိုပါ သူက ငြင်းဆိုခဲ့သည်။
တာဝေးပစ် Taurus ဒုံးကျည်များကို ယူကရိန်းအား ပေးအပ်ရန် ငြင်းဆိုကြောင်းနှင့် လက်ရှိအခြေအနေကို ပိုမိုဆိုးရွားသွားစေလိမ့်မည်ဟု စိုးရိမ်မှုများကြောင့် ထိုသို့ ငြင်းဆိုရခြင်းဖြစ်ကြောင်းကိုပါ Prenzlau မြို့ လူထုအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် အဓိပတိက ထပ်လောင်းပြောကြားခဲ့သည်။
“သူတို့ဆီမှာ တခြားလက်နက်တွေရှိနေပါသေးတယ်၊ အဲဒီလက်နက်တွေနဲ့ အခုလောက်စစ်ဆင်ရေးကို ကောင်းကောင်းကြီး တိုက်ခိုက်နိုင်ပါတယ်” ဟု Scholz က ပြောကြားခဲ့သည်။
“ဒါကြောင့် တခြားနိုင်ငံတွေက ဘယ်လိုပင် ဆုံးဖြတ်ကြသည်ဖြစ်စေကာမူ ကျွန်တော့်အနေနဲ့ ဒါဟာ ပြဿနာကြီးတစ်ခုလို့ ယူဆတဲ့အတွက် ကျွန်တော်မလုပ်ပါဘူး။ ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားမှာပါ” ဟုလည်း သူက ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ပေးအပ်ထားသော တာဝေးပစ်လက်နက်များအပေါ် လက်ရှိကန့်သတ်ထားချက်များကို ရုတ်သိမ်းနိုင်သည်ဟု သတင်းအချို့က ဆိုကြရာတွင်လည်း သတင်းဌာနများ၏ ယူဆချက်အားလုံးသည် မှန်ကန်ခြင်းမရှိကြောင်း အဓိပတိက မှတ်ချက်ပြုခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီးနောက်တွင်လည်း ရုရှားပိုင်နက်အတွင်းသို့ အနောက်အုပ်စု၏ တာဝေးပစ်လက်နက်များဖြင့် ယူကရိန်းကတိုက်ခိုက်ရန်ကို ဝါရှင်တန်က မီးစိမ်းပြကြောင်း ယခုထက်တိုင် မကြေညာခဲ့ချေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
