စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်ခဲ့သည့် တောင်ငူမြို့တွင် ရေဘေးရှောင်စခန်း (၅၁)ခု အထိဖွင့်လှစ်ထားရပြီး ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။
အဆိုပါ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူမြို့၊ အမှတ် (၁)၊ (၈)၊ (၉)၊ (၁၀)၊ (၁၉)၊ (၂၀)၊ (၂၃)ရပ်ကွက်နှင့် ကျေးရွာများရှိ မြေနိမ့်ပိုင်းများအပါအဝင် ယိုးဒယားပေါက်အနီး ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းမကြီးပေါ်သို့ စစ်တောင်းမြစ်ရေ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရေဘေးသင့်ပြည်သူများအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ဝင်များပူးပေါင်း၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ရေဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကွပ်ကဲမှုရုံးကို သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားကြောင်းပြီး ရေဘေးသင့်ပြည်သူများအနေဖြင့် ဖုန်းနံပါတ်- ၀၉၅၀၃၂၆၄၆ သို့ အရေးပေါ်ဆက်သွယ်နိုင်ကြောင်း သိရသည်။
စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀) အထက်ကျော်လွန်ပြီး အမြင့်ဆုံးရေမှတ် (၈၁၉) စင်တီမီတာသို့ရောက်ရှိခဲ့ပြီးနောက် ယမန်နေ့နံနက် (၉) နာရီအချိန်တွင် (၈၀၉) စင်တီမီတာသို့ ကျဆင်းခဲ့သည်ဟု တောင်ငူ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
