ရန်ကုန်ယူနိုက်တက် အက်ဖ်စီ(YUFC) အမှတ်တံဆိပ်ပါ အသင်းအင်္ကျီ ရောင်းချရငွေများအားလုံးကို ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း အသင်း၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ စက်တင်ဘာ(၁၄)ရက် ညနေပိုင်းအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုန်စတားယူနိုက်တက်အသင်းတို့၏ ပွဲစဉ်မတိုင်မီ ရန်ကုန်ယူနိုက်တက်တံဆိပ်ပါ အင်္ကျီများနှင့် အသုံးအဆောင် ပစ္စည်းအချို့ကို (၅၀)ရာခိုင်နှုန်းဖြင့်ရောင်းချပေးခဲ့ခြင်းလည်းဖြစ်သည်။
“ရောင်းချရတဲ့ ငွေတွေအားလုံးကိုလည်း ရေဘေးကယ်ဆယ်ရေး ပြုလုပ်နေတဲ့ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု အသင်းက အသိပေးထားသည်။
ထိုသို့ ရောင်းချရာတွင် YUFC အမှတ်တံဆိပ်ပါ ဂျာစီ ၊ ပိုလိုရှပ်၊ ခရီးဆောင်အိတ်၊ လေ့ကျင့်ရေးဂျာစီ၊ လေကာ အင်္ကျီ စသည့် ပစ္စည်းအမယ်(၆)မျိုးတို့ကို ရောင်းချပေးခဲ့ခြင်းလည်းဖြစ်သည်။
အလားတူ ယမန်နေ့က ကျင်းပခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုန်စတား ယူနိုက်တက်အသင်း ပွဲစဉ်အတွင်း ပွဲလက်မှတ်ဝင်ငွေ (၅၀ )ရာခိုင်နှုန်းကိုလည်း ရေဘေးသင့်ပြည်သူများအား ရန်ကုန် ယူနိုက်တက်အသင်းမှ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
