အီရန်၏ ထိပ်သီးတပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ရာဇီမူဆာဗီ သေဆုံးမှုအတွက် အစ္စရေးကို လက်စားချေသွားမည်ဟု အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဒီဇင်ဘာ ၂၇ ရက်တွင် သတိပေးခဲ့သည်။
မူဆာဗီသည် ဒီဇင်ဘာ ၂၅ ရက်က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်အနီးတွင် အစ္စရေး၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ဂါဇာဒေသတွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့်ပတ်သက်ပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ဆီးရီးယားရှိ အီရန်နှင့် ဆက်နွှယ်မှုရှိသည့် ပစ်မှတ်များကို ရာနှင့်ချီ တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်တပ်ကမူ ပြည်ပမီဒီယာများ၏ သတင်းထုတ်ပြန်မှုများအပေါ် မှတ်ချက်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။
အစ္စလာမ်မစ်တော်လှန်ရေးအစောင့် တပ်ဖွဲ့၏ ပြည်ပစစ်ဆင်ရေးများ လုပ်ဆောင်သည့် Quds တပ်ဖွဲ့၏ တပ်မှူးဖြစ်သူ မူဆာဗီ၏ အလောင်းကို အီရတ်သို့ သယ်ဆောင်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။
မူဆာဗီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် မိမိတို့၏ တုံ့ပြန်မှုသည် တိုက်ရိုက်အရေးယူ တုံ့ပြန်မှုနှင့် အခြား တော်လှန်ရေးဝင်ရိုးစွန်း စစ်ရေးညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သူများနှင့် ပူးပေါင်းတုံ့ပြန်သွားမည်ဖြစ်ကြောင်း IRGC ပြောရေးဆိုခွင့်ရှိသူ ရာမီဇန်ရှာရစ်ဖ်က သတိပေးခဲ့သည်ဟု Mehr သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဒမတ်စကပ်မြို့တော်အနီးတွင် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးကို အစ္စရေးက သတ်ဖြတ်မှုသည် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့၏ စစ်ဆင်ရေးဖြစ်သည့် AI-Aqsa Flood စစ်ဆင်ရေးကို ဟန့်တားနိုင်ခြင်း မရှိခဲ့သည့် အစ္စရေးစစ်တပ်၏ ပျက်ကွက်မှုကြောင့် ဖြစ်နိုင်ခြေရှိသည်ဟု ရှာရစ်ဖ်က ပြောကြားခဲ့သည်။
အစ္စရေးတွင် ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကြောင့် လူ ၁၁၄၀ ခန့်သေဆုံးခဲ့ပြီး သေဆုံးသူအများစုသည် အရပ်သားများဖြစ်ကာ လူ ပေါင်း ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးက ထုတ်ပြန်ခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင် ရေးများပြုလုပ်ခဲ့သဖြင့် လူပေါင်း ၂၁၁၁၀ ထက်မနည်းသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်၏အတွင်းပိုင်းတွင် အစ္စရေးစစ်တပ်က စစ်ရေးအရှိန်မြှင့်နေသဖြင့် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် နောက်ထပ် လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း အစ္စရေးစစ်တပ်အကြီးအကဲက သတိပေးခဲ့သည်။
အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တရိပ်ရိပ်မြင့်တက်လာခြင်းနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများက တိုက်ပွဲများရပ်ရန် တောင်းဆိုမှုများကို မြင့်တက်လာစေခဲ့သည်။ အစ္စရေးခေါင်းဆောင်များကမူ ဟားမာ့စ်အဖွဲ့ကို ချေမှုန်းပြီးချိန်အထိ အစ္စရေး ထိုးစစ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြသည်။ Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
