ကွန်ဂိုနိုင်ငံတွင် ၎င်း၏အကြီးမားဆုံး mpox ရောဂါကူးစက်မှုများကို ရင်ဆိုင်နေရချိန်တွင် လိင်တူစုံမက်သည့် အမျိုးသားများကို ခွဲခြားနှိမ့်ချဆက်ဆံမှုသည် ထိုရောဂါကူးစက်မှုအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးခဲ့သည်။
ယခင်က မျောက်ကျောက်ရောဂါဟုလူသိများခဲ့သည့် mpox ရောဂါသည် ကွန်ဂိုတွင် လိင်ဆက်ဆံမှုမှတစ်ဆင့် ပထမဆုံးအကြိမ် ကူးစက်ပျံ့နှံ့ခဲ့သည်ဟု နိုဝင်ဘာလအတွင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ယခင်က mpox ရောဂါကူးစက်ခံထားရသည့် တိရိစ္ဆာန်များနှင့် ထိတွေ့မိရာမှ လူသားများကို အဓိက ကူးစက်သည့် အခြေအနေမှ သွေဖည်သွားခဲ့ခြင်းဖြစ်သည်။
mpox ရောဂါသည် ဗဟိုအာဖရိကနှင့် အနောက်အာဖရိက၏ နေရာဒေသများတွင် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့ဖူးသော်လည်း ၂၀၂၂ ခုနှစ်မတိုင်မီအချိန်အထိ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်သည့် ဖြစ်စဉ်ကို မတွေ့ရှိခဲ့ပေ။
၂၀၂၂ ခုနှစ်က နိုင်ငံပေါင်း ၁၀၀ ခန့်တွင် mpox ရောဂါကူးစက်ခံရသူ ၉၁၀၀ ခန့်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အများစုမှာ လိင်တူဆက်ဆံသည့် အမျိုးသားများ၊ လိင်တူလိင်ကွဲဆက်ဆံသည့် အမျိုးသားများဖြစ်သည်။
အာဖရိကတွင် mpox ရောဂါလက္ခဏာများကို ခံစားခဲ့နေရသော်လည်း ထိုရောဂါကူးစက်ခံနေရကြောင်း ထုတ်မပြောသည့် အခြေအနေသည် ကူးစက်မှုကို ပိုမိုဆိုးရွားစေနိုင်သည်ဟု နိုက်ဂျီးရီးယားနိုင်ငံရှိ နိုက်ဂျာ မြစ်ဝကျွန်းပေါ်တက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်သူ ဒီမီအိုဂိုအီနာက ပြောကြားခဲ့သည်။
“အာဖရိကရဲ့ နေရာဒေသအများစုမှာ လိင်တူဆက်ဆံမှုကို တားမြစ်ထားတာကြောင့် သူတို့ကိုယ်သူတို့ mpox ရောဂါကူးစက်ခံရ တယ်လို့ထင်ကြတဲ့လူတွေဟာ ရောဂါကူးစက်ခံရတဲ့အကြောင်းကို ပေါ်ပေါ်ထင်ထင် ထုတ် မပြောတာဖြစ်နိုင်ပါတယ်”ဟု အိုဂိုအီနာက ပြောကြားခဲ့သည်။
WHO၏ နိုဝင်ဘာ ၂၃ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ချက်အရ ဘယ်ဂျီယံနိုင်ငံသားတစ်ဦးသည် မတ်လတွင် ကွန်ဂိုနိုင်ငံသို့ခရီးထွက်ခွာပြီး mpox ရောဂါကူးစက်ခံထားရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုသည်။
ယင်းmpox ကူးစက်ခံရသူအမျိုးသားသည် အခြားအမျိုးသားများနှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိကြောင်း ပြောကြားခဲ့ပြီးလိင်တူချစ်သူနှင့် လိင်တူလိင်ကွဲဆက်ဆံသူအမျိုးသားများအတွက် ကလပ်အများအပြားထံ သွားရောက်ခဲ့သည်ဟုဝန်ခံထားကြောင်း WHO ကဆိုသည်။
၎င်းနှင့်လိင်ပိုင်းဆိုင်ရာ ပတ်သက်ဆက်နွှယ်သူများတွင် နောက်ပိုင်း၌ လူငါးဦးသည် mpox ရောဂါ ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်ဟု WHO ကဆိုသည်။
“ဒါက အာဖရိကမှာ ပထမဆုံးလိင်ဆက်ဆံမှုနေ mpox ရောဂါကူးစက်မှုအတွက်တိ ကျတဲ့အထောက်အထားဖြစ်ပါတယ်”ဟု WHO အကြံပေးအဖွဲ့တွင် အပါအဝင်ဖြစ်သည့် နိုက်ဂျီးရီးယားရောဂါဗေဒပညာရှင် အိုရီဝါလီတိုမိုရီက ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ကွန်ဂိုနိုင်ငံတွင် mpox သံသယလူနာ ၁၃၃၅၀ ဦးရှိခဲ့ပြီး သေဆုံးသူ ၆၀၇ ဦးရှိခဲ့ကာ ရောဂါကူးစက်မှုများ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ဓာတ်ခွဲခန်းများ၏ အတည်ပြုလူနာများအဖြစ် သတ်မှတ်ခံထားရ သည်။
သို့သော် လိင်ဆက်ဆံမှုမှတစ်ဆင့် ရောဂါကူးစက်မှုမည်မျှရှိခဲ့သည်ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ ရောဂါကူးစက်ခံရသူ စုုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်သည်ဟု WHO က ပြောကြားခဲ့သည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
