ဟားမာ့စ်ကိုယ်စားလှယ်အဖွဲ့သည် ဂါဇာစစ်ပွဲအဆုံးသတ်စေမည့် အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်အစီအမံကို လေ့လာရန်အတွက် ဒီဇင်ဘာ ၂၉ ရက်တွင် ကိုင်ရိုမြို့ကို ရောက်ရှိလာသည်ဟု ဟားမာ့စ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လွန်ခဲ့သောသီတင်းပတ်တွင် ဟားမာ့စ်နှင့်အစ္စလာမ်မစ်ဂျီ အကြီးအကဲများအီဂျစ် မြို့တော်ကိုင်ရိုကိုလာရောက်ခဲ့သည့်အခါ ယင်းနှစ်ဖွဲ့စလုံး၏တာဝန်ရှိသူများထံ အီဂျစ် အစီအမံကို တင်ပြခဲ့ပြီးဖြစ်သည်။ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့သည် ဂါဇာကမ်းမြောင်တွင် အစ္စရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသော အဖွဲ့လည်းဖြစ်သည်။
အီဂျစ်တင်ပြသောအဆင့်သုံးဆင့်ရှိ အစီအမံတွင် သက်တမ်းပြန်တိုးနိုင်သော အပစ်အခတ်ရပ်စဲမှုများ၊ ဟားမာ့စ်ထိန်းသိမ်းထားသော ဓားစာခံများကို ပြန်လွှတ်ပေးခြင်းနှင့်အပြန်အလှန်အားဖြင့် အစ္စရေးထိန်းသိမ်း ထားသော ပါလက်စတိုင်းအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ အစ္စရေးကို ဟားမာ့စ်က အောက်တိုဘာ ၇ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားသော စစ်ပွဲနောက်ဆုံးတွင် လုံးလုံးအပစ်အခတ်ရပ်စဲသွားရေးတို့ဖြစ်သည်။
ပါလက်စတိုင်းအဖွဲ့ခွဲအားလုံးပါဝင်သော ဆွေးနွေးပွဲများအပြီး၌ နိုင်ငံရေးနှင့် စက်မှုလုပ်ငန်းနယ်ပယ်တို့တွင် သြဇာကြီးသူများပါဝင်သော ပါလက်စတိုင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းရန်ဖြစ်ပြီး အဆိုပါ အစိုးရအဖွဲ့သည် စစ်ပွဲအပြီးဂါဇာကို အုပ်ချုပ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့အတွက်တာဝန်ယူရမည့် အစိုးရအဖွဲ့ဖြစ်လာမည်ဟုဆိုသည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို အကြီးအကျယ် စီးနင်းတိုက်ခိုက်ခြင်းကြောင့် ဂါဇာ၌ စစ်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟုအစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။ ပြန်ပေးဆွဲခံရသူများထဲက ၁၂၉ ဦးသည် ဂါဇာ တွင် ရှိနေဆဲဖြစ်သည်ဟု အစ္စရေးအစိုးရက ပြောကြားသည်။
သီတင်းပတ် ၁၁ ပတ်ကျော်ကြာမြင့်လာပြီဖြစ်သော အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၁,၃၂၀ သေဆုံးသွားသည်ဟု ဂါဇာကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ထားသည်။
ကာတာအခြေစိုက် ဟားမာ့စ်နိုင်ငံရေးရုံးက တာဝန်ရှိသူများ၏ ကိုင်ရိုခရီးစဉ်အကြောင်းကို အမည်မဖော်လိုသူ ဟားမာ့စ်တာဝန်ရှိသူက ဒီဇင်ဘာ ၂၈ ရက်တွင် အေအက်ဖ်ပီကို ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဟားမာ့စ် နိုင်ငံရေးရုံးက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ဆုံမှာဖြစ်ပါတယ်။ ပါလက်စတိုင်းအဖွဲ့ခွဲတွေနဲ့လည်းတွေ့ဆုံသွားမှာဖြစ်ပြီး အီဂျစ်ရဲ့အစီအမံကိုလည်း လေ့လာမှာဖြစ်ပါတယ်”ဟု ဟားမာ့စ် တာဝန်ရှိသူက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်၌ တိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် နိုင်ငံတကာတောင်းဆိုမှုများ ပိုမိုများပြားလာခဲ့ပြီး ဂါဇာပြည်သူများ ဒုက္ခရောက်နေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
