လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကူညီကယ်ဆယ်ရေးနောက်ဆက်တွဲလုပ်ငန်းများအဖြစ် ေ-သဆုံးဒဏ်ရာရသူများနှင့် အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ဆုံးရှုံးမှုရာခိုင်နှုန်းအပေါ်မူတည်ကာ သတ်မှတ်နှုန်းထားများအတိုင်း ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရေကြီးရေလျှံမှုနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။
၎င်းက “လတ်တလောမှာတော့ ရေဘေးသင့်သူများ ကယ်ဆယ်ရေးစခန်းမှာနေထိုင်စဉ်မှာ စားသောက်မှုအတွက် စားသောက်ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ထို့အပြင် နစက ဥက္ကဋ္ဌ၊ နစက ဒုဥက္ကဋ္ဌ နှင့် သက်ဆိုင်ရာဝန်ကြီးများကလည်း သဘာဝဘေးဒဏ်သင့် ဒေသများကို ကိုယ်တိုင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
