နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် + ဒေါ်ခင်ခင်ဝင်း သားသမီးမြေးတစ်စုမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း(၃၀)ကိုလှူဒါန်းပေးခဲ့ကြောင်း ရွှေပြည်တော်သို့ဆုံမှတ်
ပရဟိတအသင်းအတွင်းရေးမှူးဦးအောင်ပိုင်
မင်းက ၎င်း၏လူမှုကွန်ယက်စာမျက်နှာ၌ရေးသားထားသည်။
သမ္မတ(ငြိမ်း)ဦးသိန်းစိန်မှ ရေဘေးသင့်ပြည်သူ များအတွက် အလှူငွေကျပ်သိန်း(၃၀)လှူဒါန်းချိန်၌ “အငြိမ်းစားမိသားစုရဲ့ အလှူငွေပါကွယ်”ဟု ပြောဆိုခဲ့ကြောင်းလည်း အတွင်းရေးမှူးဦးအောင်ပိုင်မင်းက ရေးသားဖော်ပြခဲ့သည်။
ထို့အပြင် အလှူငွေနှင့်အတူ ဝါးလားလား ဆီချက်ခေါက်ဆွဲ(၂) ဖာနှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ပရဟိတအသင်းသားများ သောက်သုံးရန် ကော်ဖီမစ်ထုတ်များကိုလည်းပေးလှူခဲ့ကြောင်း အတွင်းရေးမှူးဦးအောင်ပိုင်မင်းက ရေးသားဖော်ပြခဲ့သည်။
ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း၏ အ တွင်းရေးမှူးဦးအောင်ပိုင်မင်းသည် မကြာမီရက်ပိုင်းအတွင်းက နေပြည်တော်အတွင်း၌ ရေဘေးကယ်ဆယ်ရေးပြုလုပ်နေစဥ် ရေစီးနှင့်အတူမျောပါသွားခဲ့ပြီးနောက် ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးတွင် ထိခိုက်ဒဏ်ရာအနည်းငယ်ဖြင့် ဘေးကင်းစွာပြန်လည်တွေ့ရှိခဲ့ရပြီး ပရဟိတလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
