မြန်မာနိုင်ငံတွင် ယာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သော ပြည်သူများအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာသံရုံး (ဘန်ကောက်)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့ဖြင့် ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ဘန်ကောက်) ထုတ်ပြန်ချက်အရ သိရသည်။
လှူဒါန်းလိုသူများမှ ဆန်အိတ် (သို့) ငွေသား (မိမိလှူဒါန်းလိုသ၍) ကို မြန်မာသံရုံး (ဘန်ကောက်) တွင် သံမှူး ဒေါ်ဆန်းသစ်ရည် (06-2731-3515)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) တွင် ပထမအတွင်းဝန် ဒေါ်နေခြည်ဝင်းဆွေ (094-945-0362) သို့ ဆက်သွယ်လှူဒါန်း
နိုင်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ စက်တင်ဘာ (၁၄)ရက် အထိ ဆန် ၄၀၃ အိတ်နှင့် ငွေသား ၁၁၉၁၁၁ ဘတ် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဆန်အိတ်လှူဒါန်းလိုသူများအနေဖြင့် ဆန်တစ်အိတ် (၂၄ ပြည်)အား ၆၅၀ ဘတ်ဖြင့် သတ်မှတ်လှူဒါန်းနိုင်ပြီး လှူဒါန်းမှုတို့ကို မြန်မာနိုင်ငံ၌ရှိသော သက်ဆိုင်ရာ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီသို့ အမည်စာရင်း (သို့) ကုမ္ပဏီစာရင်း ဖော်ပြ၍ ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
