ပါကစ္စတန်နိုင်ငံ၏ ဆိုးရွားသောရေကြီးမှုများ ဖြစ်ပွားပြီးနောက် တစ်နှစ်ကြာသည်အထိ ပျမ်းမျှ ကလေးလေးသန်းခန့်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများရရှိနိုင်ရန် ဆက်လက်လိုအပ်လျက်ရှိသည်ဟု ကုလသမဂ္ဂ၏ ကလေးသူငယ်များဆိုင်ရာအေဂျင်စီ UNICEF က သြဂုတ် ၂၅ ရက်တွင် သတိပေးပြောကြားခဲ့ပြီး ရန်ပုံငွေပြတ်လတ်မှုသည် ပြန်လည်နာလန်ထူရန်အတွက် အခက်အခဲတစ်ခုဖြစ်နေသည်ဟု ဆိုသည်။
ပါကစ္စတန်အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိ အာဏာပိုင်များက Sutlej မြစ်ရေလျှံမှုဒဏ်ကို ကြုံတွေ့နေရသော ဒေသခံများရှိပြည်သူများကို အမြန်ဆုံးဘေးလွတ်ရာပြောင်းရွှေ့ပေးရန် ဆောင်ရွက်နေချိန်တွင် UNICEF မှ သတိပေးချက် ထွက်ရှိလာခြင်းဖြစ်သည်။
သြဂုတ် ၁ ရက်နေ့ကတည်းက ကန်ဆူအာနှင့် ဘာဟာဝယ်ပူရာဒေသများမှ လူတစ်သိန်းကျော်ကို ကယ်ဆယ်ရေးသမားများက ရွှေ့ပြောင်းပေးခဲ့သည်။
လွန်ခဲ့သည့် ခြောက်လကျော်က ဂျနီဗာတွင် ကုလသမဂ္ဂကျောထောက်နောက်ခံပြု ညီလာခံတစ်ခု၌ ဒါဇင်နှင့်ချီသောနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက လွန်ခဲ့သည့်နွေရာသီကာလက ဆိုးရွားသောရေကြီးမှုဖြစ်စဉ်များမှ ပါကစ္စတန်ကို ပြန်လည်နာလန်ထူရန်နှင့် ပြန်လည်တည်ဆောက်ရန်အတွက် ကူညီပေးရန် ဒေါ်လာကိုးဘီလျံကျော်ကို ကတိပြုခဲ့သည်။ သို့သော် ကတိကဝတ်အများစုသည် စီစဉ်နေဆဲအဆင့်တွင်ရှိနေဆဲဖြစ်သည့် စီမံကိန်းများအတွက် ချေးငွေပုံစံမျိုးဖြစ်သည်။
“အခုရာသီရဲ့ မုတ်သုံမိုးဟာ ရေဘေးသင့်အသိုင်းအဝိုင်းအတွက် စိန်ခေါ်မှုရှိနေပြီး သားဖြစ်တဲ့အခြေအနေတွေကို ပိုဆိုးလာစေပြီး နိုင်ငံတစ်ဝန်းလုံးက ကလေး ၈၇ ဦး သေဆုံးခဲ့ပါတယ်”ဟု UNICEF က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကလေး ထက်ဝက်ဝန်းကျင်အပါအဝင် ပျမ်းမျှ လူ ရှစ်သန်းသည် ရေဘေးသင့်ဒေသများတွင် ဘေးကင်းသောရေကို ရရှိနိုင်ခြင်း မရှိဘဲ ဆက်လက်အသက်ရှင်နေထိုင်နေရသည်ဟု ဆိုသည်။
ကလေး ၁ ဒသမ ၅ သန်းကျော်သည် ရေဘေးသင့်ဒေသများတွင် အသက်များကို ကယ်တင်နိုင်သည့် အာဟာရထောက်ပံ့မှုများရရှိရန် လိုအပ်လျက်ရှိကာ UNICEF ၏ လက်ရှိတောင်းဆိုထားသည့် ရန်ပုံငွေဒေါ်လာ ၁၇၃ ဒသမ ၅ သန်းတွင် ၅၇ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားသည်။
“ရေဘေးသင့်ဒေသတွေမှာ နေထိုင်ကြတဲ့ ခုခံအားနည်းတဲ့ကလေးတွေဟာ ဆိုးရွားတဲ့ နှစ်ကာလကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်”ဟု ပါကစ္စတန်၏ UNICEF ကိုယ်စားလှယ် အဗ္ဗဒူလာဖာဒီလ်ကဆိုသည်။
“သူတို့တွေက သူတိုိ့ချစ်ခင်ရသူတွေ၊ သူတို့တွေရဲ့နေအိမ်တွေနဲ့ စာသင်ကျောင်းကို ဆုံးရှုံးထားရသူတွေပါ”ဟု ၎င်းကပြောကြားခဲ့သည်။ မုတ်သုံမိုးတစ်ဖန် ပြန်လည်ရောက်ရှိလာခြင်းသည် နောက်ထပ် ရာသီဥတုသဘာဝဘေးအန္တရာယ်အပေါ် စိုးရိမ်မှုများ မြင့်တက်စေသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်၏ ရေကြီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၃ဝဘီလျံကျော်ရှိပြီး နိုင်ငံ၏နေရာအများအပြားတွင် လပေါင်းများစွာ ရေနစ်မြုပ်လျက်ရှိကာ လူ ၃၃ သန်းရေ ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၁၇၃၉ ဦးရှိသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
