မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တုံ့ပြန်မှုကို ရုရှားနှင့်တရုတ်က ပိတ်ပင်ပြီး မြောက်ကိုရီးယားကို ကာကွယ်ပေးနေသည်ဟု အမေရိကန်က သြဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးအတွင်း အဖွဲ့ဝင် ၁၅ နိုင်ငံအနက် တရုတ်နှင့် ရုရှားမှလွဲပြီး ကျန် အဖွဲ့ဝင် ၁၃ နိုင်ငံသည် သုံးလအတွင်း မြောက်ကိုရီးယား၏ ဒုတိယအကြိမ်မြောက် စပိုင်ဂြိုဟ်တုလွှတ်တင်မှုကို ရှုတ်ချခဲ့သည်။
မြောက်ကိုရီးယားသည် သြဂုတ် ၂၄ ရက်က စပိုင်ဂြိုလ်တုကို လွှတ်တင်ခဲ့သော်လည်း ဒုံးပျံ၏ အဟုန်မြှင့်ဒုံးစက်၌ ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အောင်မြင်ခဲ့ခြင်း မရှိပေ။ မေလနှောင်းပိုင်းက မြောက်ကိုရီးယား၏ ပထမဆုံးအကြိမ် ကြိုးပမ်းမှုတွင်လည်း စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားသည့် Chollima-1 ဒုံးပျံယာဉ်သည် လွှတ်တင်ပြီးမကြာမီတွင် ပင်လယ်ထဲသို့ ပျက်ကျခဲ့သည်။
“ဒီကိစ္စမှာ ကျွန်မတို့အနေနဲ့ စည်းလုံးသင့်ပါတယ်။ ဒါပေမယ့် ၂၀၂၂ ခုနှစ် အစပိုင်းကတည်းက တရုတ်နဲ့ ရုရှားရဲ့ ကန့်ကွက်မှုတွေကြောင့် လုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားကို အရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး”ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က ပြောကြားခဲ့သည်။
“မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုဟာ မြင့်တက်နေပါတယ်။ ရုရှားနဲ့ တရုတ်ကလည်း နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ သူတို့ရဲ့ တာဝန်တွေကို မလုပ်ဆောင်ခဲ့ပါဘူး”ဟု ဂရင်းဖီးလ်က ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်လက မြောက်ကိုရီးယားတွင် ဒရုန်းအသစ်များနှင့် နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်များ ပြသခဲ့သည့် စစ်ရေးပြအခမ်းအနားကို ရုရှားနှင့် တရုတ်အရာရှိများ တက်ရောက်ခဲ့မှုကိုလည်း ဂရင်းဖီးလ်က ရှုတ်ချခဲ့သည်။
“သူတို့ဟာ လုံခြုံရေးကောင်စီရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ပြီး အောင်ပွဲခံနေကြပါတယ်။ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုကို ပိတ်ဆို့ဖို့လည်း ဆက်လက်လုပ်ဆောင်နေကြပါတယ်”ဟု ဂရင်းဖီးလ်က ရုရှားနှင့် တရုတ်ကို ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် မေလက ရုရှားနှင့် တရုတ်သည် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် ကြေညာချက်တစ်စောင်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။
မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ညီတစ်ညွတ်တည်း ပိတ်ဆို့မှုချမှတ်ခဲ့သည့် နောက်ဆုံးအကြိမ်သည် ၂၀၁၇ ခုနှစ်က ဖြစ်သည်။
တရုတ်နှင့် ရုရှားကိုယ်စားလှယ်များကလည်း မြောက်ကိုရီးယား၏ ရန်လိုသည့် ရပ်တည်ချက်အတွက် အမေရိကန်ကို အပြစ်တင်ခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန်၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ထောက်ပြပြောဆိုခဲ့သည်။
မြောက်ကိုရီးယားကမူ ၎င်း၏ နျူကလီးယားစီမံကိန်းသည် မိမိကိုယ်ကိုယ်ကာကွယ်ရေးနှင့် ဂြိုဟ်တုစီမံကိန်းကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မိမိတို့၏ ကင်းထောက်ဂြိုဟ်တုလွှတ်တင်မှုသည် အမေရိကန်၏ စစ်ရေးအရ ရန်လိုမှုများ မြင့်တက်လာခြင်းကို ဟန့်တားရန် မိမိကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့်ကို ကျင့်သုံး ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား သံအမတ် ကင်ဆွန်းက ပြောကြားခဲ့ကာ မြောက်ကိုရီးယားအနေဖြင့် လုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို အသိအမှတ်မပြုကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
