ရုရှားက ခရိုင်းမီးယားအနီးတွင် ယူကရိန်းဒရုန်း ၄၂ ခုကို ပစ်ချခဲ့သည်ဟု သြဂုတ် ၂၅ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး ယခုတိုက်ခိုက်မှုသည် မကြာသေးမီက ခရိုင်းမီးယားကျွန်းဆွယ်ကို လေကြောင်းတိုက်ခိုက်မှုများထဲက အကြီးဆုံးတိုက်ခိုက်မှုဖြစ်ပြီး ယူကရိန်းအထူးတပ်ဖွဲ့က ခရိုင်းမီးယားကို ဝင်ရောက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဒရုန်းအများအပြားဖြင့် တိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားကို ရုရှား၏ ယူကရိန်းထိုးစစ်ကာလအတွင်း ယူကရိန်းက တောက်လျှောက်ပစ်မှတ်ထားနေသည်ဆိုသော်လည်း ယူကရိန်းသည် လွန်ခဲ့သောသီတင်းပတ် များတွင် ခရိုင်းမီးယားကို တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီး တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာသည်။
“ခရိုင်းမီးယားသမ္မတနိုင်ငံရဲ့ နယ်မြေပေါ်မှာ ဒရုန်းကိုးခုကို ဖျက်ဆီးခဲ့ပါတယ်”ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် တယ်လီဂရမ်၌ ဖော်ပြခဲ့သည်။
အခြားသော ဒရုန်း ၃၃ ခုကို လျှပ်စစ် သံလိုက်လှိုင်းများအသုံးပြု၍ ထိန်းချုပ်ခဲ့ကြောင်း၊ ဒရုန်းများသည် ပစ်မှတ်ထံမရောက်ဘဲ ပျက်ကျခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပြီး ထိခိုက်ပျက်စီးမှုသို့ မဟုတ်ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုသည်ကို တိတိကျကျဖော်ပြထားခြင်းမရှိပေ။
ဒရုန်းများကို ခရိုင်းမီးယား၏ခါဆွန်း အငူအလွန်ပင်လယ်ပြင်တွင်ဖျက်ဆီးခဲ့သည်ဟု ရုရှားခန့်ထားသော ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက အစောပိုင်းတွင် ပြောကြားခဲ့သည်။
ခါဆွန်းအငူသည် ရုရှား၏ပင်လယ်နက် ရေတပ်စခန်းတည်ရှိသည့် ဆီဗက်စတိုပိုးလ် အနီး ခရိုင်းမီးယားကျွန်းဆွယ် အနောက်တောင်ပိုင်းတွင်တည်ရှိသည်။
အဆိုပါဒရုန်းများကြောင် အရပ်ဘက်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိဟု အရေးပေါ်အဖွဲ့များထံမှ သတင်းရရှိကြောင်း ဆီဗက်စတိုပိုးလ်အုပ်ချုပ်ရေးမှူး မီခေးလ်ရာဇဗွတ်ခေါ်က တယ်လီဂရမ်တွင် ရေးခဲ့သည်။
အဆိုပါဒရုန်းများထဲတွင် ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သော ဒရုန်း ၄၂ ခုပါဝင်ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရပေ။
“တပ်ဖွဲ့အားလုံးနဲ့ဌာနအားလုံးဟာ တိုက်ပွဲဝင်အသင့် အနေအထားဖြစ်နေပါတယ်”ဟု ၎င်းက ပြောကြားသည်။
ခရိုင်းမီးယားကို ပြန်လည်သိမ်းယူရန် စီစဉ်ထားသည်ဟု ယူကရိန်းက ပြောကြားထားသည်။
လွန်ခဲ့သော သီတင်းပတ်များတွင် ယူကရိန်းသည် ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှား အခြေခံအဆောက်အအုံများကို ဝေဟင်ဒရုန်း ၂၈ ခု အထိ အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။
သြဂုတ် ၂၄ ရက်တွင် ယူကရိန်းက မိမိတို့တပ်ဖွဲ့များသည် စစ်အတွင်းကျင်းပသည့် ဒုတိယအကြိမ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့်အထူးစစ်ဆင်ရေးအတွင်း ခရိုင်းမီးယားကျွန်းဆွယ်ကိုသွားခဲ့ပြီး ယူကရိန်းအလံကို စိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ယူကရိန်းအထူးတပ်ဖွဲ့သည် ခရိုင်းမီးယားအနောက်ကမ်းရိုးတန်းပေါ်ကို ညအချိန် တွင်တက်ရောက်ခဲ့ကြသည်ဟု ယူကရိန်းထောက်လှမ်းရေးအဖွဲ့က ပြောကြားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
