လွန်ခဲ့သည့်နှစ်ရက်ကျော်က မြေထဲပင်လယ်အတွင်း ဘေးအန္တရာယ်ကျရောက်နေသည့် ရွှေ့ပြောင်းနေထိုင်သူ ၄၃၈ ဦးကို ကယ်ဆယ်ရေးသင်္ဘော Ocean Viking က ကယ်တင်ပေးခဲ့သည်ဟု ယင်းကယ်ဆယ်ရေးသင်္ဘောကို လည်ပတ်လုပ်ဆောင်နေသည့် အဖွဲ့အစည်း SOS Mediterrancee က သြဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
လစ်ဗျားနှင့် တူနီးရှားကမ်းလွန်နိုင်ငံတ ကာရေပိုင်နက်တွင် ကယ်ဆယ်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြင်သစ်အခြေစိုက် NGO က ဆိုသည်။
ထိုနေ့အစောပိုင်းက ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းနေထိုင်သူများအတွက် အန္တရာယ်အရှိဆုံး ရေကြောင်းလမ်းဖြစ်သည့် မြေထဲပင်လယ်အလယ်ပိုင်းတွင် သင်္ဘောသုံးစင်းမှ မတူညီသည့်နိုင်ငံ ၂၃ နိုင်ငံမှ လူပေါင်း ၂၇၂ ဦး ကို ကယ်တင်ခဲ့သည်ဟု NGO က သြဂုတ်၂၄ ရက်တွင် ပြောကြားခဲ့သည်။
ယင်းကယ်တင်ခဲ့သူများတွင် အဖော်မပါဘဲ တစ်ကိုယ်တည်းသမား အရွယ်မရောက်သေးသူ ၃၂ ဦး၊ ကလေးငယ်ကိုးဦးနှင့်မသန်စွမ်းငါးဦးပါဝင်သည်ဟု ယင်းအဖွဲ့ကပြောကြားခဲ့သည်။
သြဂုတ် ၁၈ ရက်က ၎င်းတို့သည်ဒုက္ခရောက်နေသော သင်္ဘောများထံ အကူအညီစေလွှတ်ခဲ့ပြီး လူ ၁၆၆ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
တူနီးရှားနှင့် လမ်ပီဒူဆာကြား ရှာဖွေရေးနှင့်ကယ်ဆယ်ရေးဧရိယာရှိ အီတလီကမ်းခြေစောင့်တပ်ဖွဲ့များနှင့်အတူ ညှိနှိုင်း၍ သင်္ဘောပေါ်ပါလာသူများကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့သည်။
တူနီးရှားနိုင်ငံမှ မိုင် ၉၀ အကွာတွင်တည်ရှိသည့် သေးငယ်သော အီတလီကျွန်းဖြစ်သော လမ်ပီဒူဆာသည် မြောက်အာဖရိကမှ ဥရောပသို့ အန္တရာယ်ရှိသော ပင်လယ်ခရီးကြမ်းကို ဖြတ်ကျော်ရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်းနေထိုင်သူအများစုအတွက် ပထမဆုံးဝင်ရောက်ဆိုက်ကပ်သည့် ဆိပ်ကမ်းဖြစ်သည်။ စုစုပေါင်း သင်္ဘောပေါ် လက်ရှိကယ်ဆယ်ထားသူ ၂၃၈ ဦးရှိသည်ဟု SOS Mediterrancee က ပြောကြားခဲ့သည်။
အီတလီအာဏာပိုင်များက ရွှေ့ပြောင်းနေထိုင်သူများ ဆင်းသက်ရန် ဝေးလံသည့် ဆိပ်ကမ်းတစ်ခုသို့ သွားရောက်ရန်အမိန့် ထုတ်ပြန်ထားသောကြောင့် Ocean Viking သင်္ဘောသည် အီတလီမြောက်ပိုင်း ဂျီနိုအာမြို့သို့ ဦးတည်သွားရောက်ခဲ့သည်။
မြေထဲပင်လယ်အလယ်ပိုင်းကို ဖြတ်ကျော်ရန် ကြိုးပမ်းမှုအတွက် ယခုနှစ်အတွင်း သေဆုံးသို့မဟုတ် ပျောက်ဆုံးသူ ၂,၀၁၃ ဦး ထက်မနည်းရှိသည်ဟု နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂရွှေ့ပြောင်းနေထိုင်သူများအေဂျင်စီက ဆိုသည်။
ယင်းသည် ၂၀၂၂ ခုနှစ်တစ်နှစ်တာလုံး၏ ပမာဏနှင့်နှိုင်းယှဉ်လျှင် သိသိသသာသာ ပိုမိုများပြားနေသည်ဟုဆိုသည်။ ၂၀၂၂ ခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းစဉ် သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ ၁,၄၁၇ ဦးရှိသည်။
ဇွန်လအတွင်း အနောက်ပိုင်းမြေထဲပင်လယ်တွင် သင်္ဘောတစ်စင်း နစ်မြှုပ်သွားသောကြောင့် လူ ၈၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ယင်းနေရာတွင် ရွှေ့ပြောင်းနေထိုင်သူများပါဝင်သော လူသေဆုံးမှုအများဆုံးဖြစ်စဉ်များမှ တစ်ခုအပါအဝင်ဖြစ်သည်။
ဇူလိုင်လက အီတလီအာဏာပိုင်များသည် Ocean Viking သင်္ဘောကို ၎င်း၏ဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက်များအား စစ်ဆေးခဲ့ပြီးနောက် စီဗီတာဗစ်ချီမြို့တွင် ၁ဝရက်ကြာ ထိန်းသိမ်းထားသော ယင်းသင်္ဘောကို နောက်ဆုံးတွင်ပြန်လွှတ်ပေးခဲ့သည်။ အီတလီသည် ပြဋ္ဌာန်းထားသည့် ဥပဒေသစ်တစ်ရပ်ကို ချိုးဖောက်မှုအတွက် ရွှေ့ပြောင်းနေထိုင်သူများ ကယ်ဆယ်ရေးသင်္ဘော သုံးစင်းကို ၄၈ နာရီကြာထိန်းသိမ်းခဲ့သည်ဟု ပရဟိတအဖွဲ့များက သြဂုတ်၂၃ ရက်တွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
