ဂျပန်နိုင်ငံသည် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေများကို ပင်လယ်အတွင်းသို့ စွန့်ထုတ်မှုသည် ဘေးအန္တရာယ်တစ်ခုဖြစ်ပွား လာမည့်အရေးကို စိုးရိမ်နေသည့် တောင်ကို ရီးယားနိုင်ငံသားများသည် သြဂုတ် ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် စုရုံးဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများက ဂျပန်၏ နျူကလီးယားစက်ရုံမှ ရေများစွန့်ထုတ်မှုကြောင့် ဖြစ်ပွားလာမည့် ဘေးအန္တရာယ်ကို ရှောင်လွှဲနိုင်ရန် အစိုးရအနေဖြင့် အစီအစဉ်များ ချမှတ်လုပ် ဆောင်ရန် တောင်းဆိုခဲ့ကြသည်။
သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့်ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှ ငါးလုပ်ငန်းအသိုင်းအဝိုင်းနှင့် အခြားသူများက ဆန့်ကျင်ကန့်ကွက်ခဲ့သည့်တိုင် အဆိုပါ နျူကလီးယားစက်ရုံမှရေများကို သြဂုတ် ၂၄ ရက်မှစတင်ပြီး ပင်လယ်အတွင်းသို့ စွန့်ထုတ်ခဲ့သည်။
“ပင်လယ်စာတွေထဲမှာ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေကို ထောက်လှမ်းတွေ့ရှိတာလိုမျိုး ဘေးအန္တရာယ်တွေကို ချက်ချင်း မမြင်ချင်ပါဘူး။ ဒါပေမယ့် ဂျပန်ရဲ့ ရေစွန့်ထုတ်မှုဟာ ဒေသခံ ငါးဖမ်းလုပ်ငန်းအပေါ် အန္တရာယ်တွေ ရှိလာနိုင်တာကြောင့် အစိုးရအနေနဲ့ အမြန်ဆုံး အဖြေရှာဖို့ လိုပါတယ်”ဟု ဆန္ဒပြပွဲကို စီစဉ်ကျင်းပသည့် ကိုရီးယား ရေဒီယိုသတ္တိကြွမှု စောင့်ကြည့်ရေးအဖွဲ့မှ ချိုယွန်ဆွတ်က ပြောကြားခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲသို့ လူပေါင်း ၅၀၀၀၀ ခန့် ပူးပေါင်းပါဝင်သည်ဟု ဆန္ဒပြပွဲကို စီစဉ်သူများက ပြောကြားခဲ့သည်။
ဂျပန်နှင့် သိပ္ပံဆိုင်ရာ အဖွဲ့အစည်းများကမူ ၂၀၁၁ ခုနှစ်က ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် နျူကလီးယားဓာတ်ပေါင်းဖိုများကို အအေးပေးရာတွင် အသုံးပြုသည့် ရေများကို ပြန်လည်သန့်စင်ခဲ့ပြီး ပင်လယ်အတွင်းသို့ စွန့်ထုတ်မှုသည် ဘေးကင်းလုံခြုံမှုရှိသည်ဟု ပြောကြားခဲ့သည်။
အဆိုပါ နျူကလီးယားစက်ရုံကို ပိုင်ဆိုင်သည့် Tokyo Electric Power ကုမ္ပဏီသည် ရေများအတွင်းရှိ အိုက်ဆိုတုပ်များကို စစ်ထုတ်ဖယ်ရှားခဲ့ကြောင်း ပြောကြားခဲ့သည်။
ရေများစွန့်ထုတ်မှုသည် သိပ္ပံနည်းအရ ပြဿနာများကို မတွေ့ရကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သော်လည်း သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများကမူ ဖြစ်နိုင်ခြေရှိသည့် သက်ရောက်မှုများအားလုံးကို လေ့လာစစ်ဆေးခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဓလာမယ့် နှစ်ပေါင်း ၁၀၀ အတွင်း ပင်လယ်ရေကြောင်း ဂေဟစနစ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူကမှ မပြောနိုင်ပါဘူးဓ ဟု ချိုက ပြောကြားခဲ့သည်။
ဂျပန်၏ နျူကလီးယားစက်ရုံမှ ရေများ စွန့်ထုတ်မှုနှင့်ပတ်သက်ပြီး တရုတ်က သြဂုတ် ၂၄ ရက်မှစတင်၍ ဂျပန်ထံမှ ရေထွက်ကုန်များ တင်သွင်းခြင်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
ဖူကူရှီးမား စက်ရုံမှ စွန့်ထုတ်ရေများကြောင့် အစားအစာများကို ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း တရုတ်အကောက်ခွန်ဌာနက ပြောကြားခဲ့သည်။
ဂျပန်၏လုပ်ဆောင်ချက်သည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယင်းသည် တစ်ကမ္ဘာလုံးကို အန္တရာယ်ထဲသို့တွန်း ပို့လိုက်ခြင်းဖြစ်ကာ အနာဂတ်မျိုးဆက်သစ်များကို ဝေဒနာများ လက်ဆင့်ကမ်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
