အစိုးရက ဘောလုံးလောကအပေါ် ဝင်ရောက်စွက်ဖက်မှုရှိလျှင် ဥရောပပြိုင်ပွဲများမှ ထုတ်ပယ်ခံရနိုင်သည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဗြိတိန်အစိုးရထံ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။
ဗြိတိန်အစိုးရက အင်္ဂလန်ရှိ အမျိုးသား ထိပ်တန်းလိဂ်ပြိုင်ပွဲငါးခုကို ကြီးကြပ်မည့် အဖွဲ့တစ်ခုဖွဲ့စည်းရန် ဥပဒေကြမ်းအား ဇူလိုင်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဘောလုံးစောင့်ကြည့်ရေးအဖွဲ့သည် ကလပ်အသင်းများ၏ ဘဏ္ဍာရေးဆိုင်ရာ ရေရှည် တည်တံ့ခိုင်မြဲမှုရှိစေရန် ဆောင်ရွက်၍ အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ထားသည်။
သို့ သော် အစိုးရအနေဖြင့် ဘောလုံးလောကအပေါ် ဝင်ရောက်စွက်ဖက်မှု မလုပ်သင့်ကြောင်း UEFA အထွေထွေအတွင်းရေးမှူး သီအိုဒေါသီအိုဒိုရီဒစ်က ဗြိတိန်ယဉ်ကျေးမှုဝန်ကြီး လီဆာနန်ဒီထံ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ဆီမှာ စိုးရိမ်စရာတွေရှိ နေပါသေးတယ်။ ပုံမှန်အားဖြင့် ဘောလုံးစည်းမျဉ်းကို ဘောလုံးအဖွဲ့ချုပ်ကပဲ စီမံခန့်ခွဲရမှာပါ။ ကျွန်တော်တို့ စိုးရိမ်နေတာတစ်ခုက UEFA ရဲ့ အခြေခံလိုအပ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒါက အစိုးရဟာ ဘောလုံးလောကအပေါ် ဝင်ရောက်စွက်ဖက်မှု မရှိစေရေးပါပဲ။ အားကစားလောကရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အားကစားယှဉ်ပြိုင်မှုရဲ့ တရားမျှတမှုရှိရေးတို့ကို အာမခံနိုင်စေဖို့အတွက် အဲဒါကိုကာကွယ်နိုင်မယ့် သီးခြားစည်းမျဉ်းတွေ ကျွန်တော်တို့ဆီမှာရှိပါတယ်။ အဆုံးစွန်သောအရေးယူမှုက UEFA ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ အသင်းတွေကို ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းပါပဲ" ဟု သီအိုဒိုရီဒစ်၏ အကြောင်းကြားစာတွင် ရေးသားထားသည်။
အဆိုပါအကြောင်းကြားစာကို ဗြိတိန်အစိုးရက တုံ့ပြန်ခြင်းမရှိသေးသော်လည်း ယဉ်ကျေးမှုဝန်ကြီး နန်ဒီက အစိုးရနှင့် ဘောလုံးအာဏာပိုင်အဖွဲ့အစည်း နှစ်ဖက်စလုံးအနေဖြင့် တရားမျှတ၍ သင့်လျော်သောစနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရန်အတွက် ပါဝင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ပြင် သတင်းရင်းမြစ်များ၏ ပြောကြားမှုအရ UEFA အနေဖြင့် အင်္ဂလန်လက်ရွေးစင် အသင်းအပါအဝင် အင်္ဂလန်ကလပ်အသင်းများအား အရေးယူမည့် အန္တရာယ်မရှိသေး ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း ဘောလုံးလောကအပေါ် အစိုးရက ဝင်ရောက်စွက်ဖက်မှုကို တားမြစ်ထားပြီး ဘောလုံးအဖွဲ့ချုပ်များမှာ နိုင်ငံရေးလွှမ်းမိုးမှု လွတ်ကင်း၍ လွတ်လပ်မှုရှိရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။ အင်္ဂလန်နိုင်ငံအနေဖြင့် ယူရို-၂၀၂၈ ပြိုင်ပွဲကို မြောက်အိုင်ယာလန်၊ အိုင်ယာလန်၊ စကော့တလန်၊ ဝေးလ်စ်တို့နှင့် ပူးတွဲကျင်းပခွင့်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
