Foxconn ကုမ္ပဏီတည်ထောင်သူ ဘီလျံနာ တယ်ရီဂိုက ၎င်းအနေဖြင့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သြဂုတ် ၂၈ ရက်က ကြေညာခဲ့သည်။
၎င်းသည် Foxconn ကုမ္ပဏီကို Apple ၏ iPhones အပါအဝင် အီလက်ထရောနစ် အသုံးအဆောင်များကို ကန်ထရိုက်စာချုပ်ဖြင့် ထုတ်လုပ်နေသည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်လာအောင် ဦးဆောင်ခဲ့သူဖြစ်သည်။
၎င်းသည် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်း၏ ခေါင်းဆောင်ဖြစ်လာရန် ယခင်ကတည်းက ရည်မှန်းထားသူဖြစ်ပြီး လာမည့်ဇန်နဝါရီလတွင် ကျင်းပမည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံ ကူမင်တန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။
“၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ” ဟု ဂိုက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
“ကျွန်တော့်ကို လေးနှစ်အချိန်ပေးဖို့ ထိုင်ဝမ်ပြည်သူတွေကို တောင်းဆိုချင်ပါတယ်။ နောင်နှစ် ၅၀ လုံးလုံး ထိုင်ဝမ်ရေလက် ကြားဒေသမှာ ငြိမ်းချမ်းမှုရှိအောင်နဲ့ နှစ်ဖက်အကြား အပြန်အလှန်ယုံကြည်မှုတည် ဆောက်ရေးကို အနက်ရှိုင်းဆုံး တည်ဆောက်သွားမယ်လို့ ကတိပြုပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်က ထိုင်ဝမ်ကို လိုအပ်လာလျှင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းမည့် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည်။ လက်ရှိထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကမူ ၎င်းအယူအဆကို လက်ခံခြင်းမရှိပေ။ ၂၀၁၆ ခု နှစ်တွင် ၎င်းသမ္မတ ဖြစ်လာပြီးနောက်ပိုင်း တရုတ်သည် ထိုင်ဝမ်အပေါ်သံတမန်ရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
“ဒီမိုကရက်တစ် တိုးတက်ပြောင်းလဲရေးပါတီဟာ ခုနစ်နှစ်ကျော် အာဏာရယူခဲ့ပြီး သူတို့ဟာ ထိုင်ဝမ်ကို စစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ထဲကို ဆွဲသွင်းခဲ့တယ်” ဟု ဂိုကပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ထိုင်ဝမ်ကို ယူက ရိန်းကဲ့သို့ အဖြစ်ခံမည်မဟုတ်ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။
သို့သော် ၎င်းင်း၏ Foxconn ကုမ္ပဏီသည် တရုတ်တွင် ဧရာမစက်ရုံကြီးများ ဖွင့်လှစ်ထားကာ ၎င်းသည် တရုတ်ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ဟူသော စွပ်စွဲမှုများရှိနေသည်။
တယ်ရီဂိုသည် ၂၀၁၉ ခုနှစ်တွင် Foxconn အကြီးအကဲအဖြစ်မှ နုတ်ထွက်ပြီး သမ္မတအဖြစ် ရွေးကောက်ခံရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။
၎င်းအနေဖြင့် Foxconn ၏ စီမံခန့်ခွဲမှု များတွင် ပြီးခဲ့သည့်လေးနှစ်လုံးလုံး ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဟုဆိုကာ တရုတ်ပြည်မကြီးတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံထားမှုအရ တရုတ်အစိုးရနှင့် ပတ်သက်ဆက်နွှယ်နေသည့် အခြေ အနေအပေါ်မေးမြန်းမှုကို တုံ့ပြန်ဖြေကြားခဲ့သည်။
“ကျွန်တော်ဟာ ဘယ်တုန်းကမှ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာမရှိခဲ့သလို ကျွန်တော်ကလည်း ခြိမ်းခြောက်ခံမှာမဟုတ်ပါဘူး” ဟု ဂိုက သတင်းထောက်များကို ပြောကြားခဲ့သည်။ အသက် ၇၂ နှစ်အရွယ် ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာတယ်ရီဂိုသည် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းဖြစ်လာရန် ထောက်ခံလက်မှတ်ရေးထိုးမှု ၂၉၀,၀၀၀ လိုအပ်မည်ဖြစ်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
