ယူကရိန်းတပ်များသည် တောင်ပိုင်းရှေ့တန်းစစ်မျက်နှာရှိ ရိုဘိုတိုုင်ရွာကို ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု သြဂုတ် ၂၈ ရက် တွင်ယူကရိန်းက ပြောကြားလိုက်ပြီး ယူကရိန်းတပ်များသည် အဆိုပါရွာတွင်အခိုင်အမာ နေရာယူထားသော ရုရှားတပ်များကို တန်ပြန်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယူကရိန်းသည် အနောက်အုပ်စုကပေးသော စစ်လက်နက်များကို စုဆောင်းခဲ့ပြီးနောက် ဇွန်လတွင် ရုရှားကို တန်ပြန်ထိုးစစ် ဆင်နွှဲခဲ့သည်။
“ရိုဘိုတိုင်ရွာဟာ လွတ်မြောက်သွားပါပြီ။ ကျွန်မတို့ရဲ့ တပ်ဖွဲ့တွေဟာ ရိုဘိုတိုင် အရှေ့တောင်ဘက်နဲ့ မာလာတော့မာချလာ တောင်ဘက်ကို ချီတက်သွားကြပါတယ်”ဟု ယူကရိန်းဒုတိယကာကွယ်ရေးဝန်ကြီးဂျန် နာမာလျာကရုပ်မြင်သံကြားတွင် ပြောကြားသည်။
အဆိုပါရွာနှစ်ရွာသည် ဇာပိုရီရှားဒေသက ရွာများဖြစ်သည်။ ရုရှားသည် ဇာပိုရီရှားဒေသကို စစ်ရေးထိန်းချုပ်မှုမရှိသော်လည်း လွန်ခဲ့သောနှစ်တွင် ယင်းဒေသကို သိမ်းသွင်းထားသည်။
တောင်ပိုင်းစစ်မျက်နှာတွင် ယူကရိန်း၏ချီစစ်က အကန့်အသတ်ဖြစ်နေရာ ယူကရိန်းထိုးစစ် အောင်မြင်မှု ရှိမရှိနိုင်ငံရေးဆိုင်ရာ အငြင်းအခုံကို ပေါ်ပေါက်စေသည်။
ရုရှားလေကြောင်းကာကွယ်ရေးသည် မော်စကိုမြို့ကို ချဉ်းကပ်လာသော ဒရုန်းတစ်ခုနှင့် ယူကရိန်းနှင့် နယ်ချင်းထိနေသည့် ဒေသကို ချဉ်းကပ်လာသော ဒရုန်းနှစ်ခုတို့ကို ဖျက်ဆီးခဲ့သည်ဟု သြဂုတ် ၂၈ ရက် စောစောပိုင်းတွင် ရုရှားအာဏာပိုင်များက ပြောကြားသည်။
မြို့တော်မော်စကို အရှေ့တောင်ပိုင်းရှိ လူဘာစီခရိုင်က လေကြောင်းကာကွယ်ရေးသည် မော်စကိုဘက်ကို ပျံလာသော ဒရုန်းကိုဖျက်ဆီးခဲ့သည်ဟု မြို့တော်ဝန်ဆာဂေးဆိုဗျာနင်က တယ်လီဂရမ်တွင် ရေးသားခဲ့ပြီး ဒရုန်း ဖြင့် တိုက်ခိုက်သူအမည်ကို ဖော်ပြထားခြင်းမရှိပေ။
“ကနဦးသတင်းတွေအရ ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် ထိခိုက်ပျက်စီးမှုမရှိဘူးလို့ သိရပါတယ်။ အရေးပေါ်အဖွဲ့တွေကတော့ အဲဒီနေရာကို ရောက်နေပါတယ်”ဟု မော်စကိုမြို့တော်ဝန်က ဖော်ပြထားသည်။
ထို့အပြင် ယူကရိန်းနှင့် နယ်နိမိတ်ထိနေသော ဘရိုင်ယန်ဒေသတွင် လေကြောင်းကာကွယ်ရေးက အခြားဒရုန်းနှစ်ခုကို ဖျက်ဆီးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်တွင် ဖော်ပြထားပြီး ထိခိုက်ပျက်စီးမှုသတင်းများကို မသိရသေးဟုဆိုသည်။
မြို့တော်မော်စကိုနှင့် အခြား ရုရှားဒေသများကို ယူကရိန်းက လွန်ခဲ့သောရက်ပိုင်းများတွင် ပစ်မှတ်ထားလာခဲ့သည်။ စစ်ပွဲသည်ရုရှားကိုလာပြီဟု မကြာသေးမီက ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။
ယူကရိန်းပဋိပက္ခအကြောင်း အမေရိကန်သံတမန်များကို သတင်းပေးသည်ဟု ဆိုကာဗလာဒီဗော့စတော့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး ဝန်ထမ်းဟောင်းဖြစ်သော ရုရှားနိုင်ငံသားကို မိမိတို့ထိန်းသိမ်းလိုက်သည်ဟု သြဂုတ် ၂၈ ရက်တွင် ရုရှားက ပြောကြားသည်။
ရောဘတ်ရောဘတ်တိုဗစ်ချ်ရှိုနော့သည် မော်စကိုရှိ အမေရိကန်သံရုံးအတွက် သတင်းပေးလုပ်သည်ဟုဆိုကာ ထိန်းသိမ်းခြင်းဖြစ်သည်ဟုရုရှားအစိုးရက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
