သြဂုတ် ၂၇ ရက်က ကာရီဘီယံပင် လယ်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းအိုင်ဒါလီယာသည် မက္ကဆီကို အရှေ့တောင်ပိုင်းတွင် လေပြင်းများတိုက်ခြင်း၊ မိုးရွာခြင်းတို့ကို ဖြစ်ပေါ်စေပြီး ယခုသီတင်းပတ်အတွင်း ဖလော်ရီဒါပြည်နယ်ကို မဝင်ရောက်မီ ဟာရီကိန်းမုန်တိုင်းအဖြစ် အားကောင်းလာမည်ဟု ခန့်မှန်းထားသည်။
မက္ကဆီကို နိုင်ငံကိုဝင်ရောက်မည်မဟုတ်ဟု ခန့်မှန့်ထားသောမုန်တိုင်းသည် ဖလော်ရီဒါ အနောက်မြောက်ပိုင်းကို ရောက်မလာမီ မက္ကဆီကိုပင်လယ်ကွေ့ကိုဖြတ်သန်းမည်ဟုအမေရိကန်အမျိုးသား ဟာရီကိန်းစင်တာက ပြောကြားသည်။
“အိုင်ဒါလီယာမုန်တိုင်းဟာ အစောဆုံးအနေနဲ့ သြဂုတ် ၂၈ ရက်နေ့ကစပြီး ဖ လော်ရီဒါအနောက်ဘက်ကမ်းရိုးတန်းနဲ့ ဖလော်ရီဒါပန်းဟန်ဒယ်တစ်လျှောက်က ဒေသတွေမှာ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ရေလှိုင်းတွေနဲ့ ဟာရီကိန်းအင်အားရှိတဲ့ လေတွေတိုက်ဖို့ရှိနေပါတယ်”ဟု အမေရိကန်အမျိုးသားဟာရီကိန်းစင်တာက သတိပေးထားသည်။
အနောက် မြောက်ပင်လယ်ကွေ့ကမ်းရိုးတန်းတွင် ကုန်းတွင်းကို မဝင်ရောက်မီ မုန်တိုင်းပြင်းထန်မှုသည် ပြန့်သွားမည်ဖြစ်ပြီး အနိမ့်ဆုံးအဆင့်မှ ဟာရီကိန်းအဆင့်ကို တက်လှမ်းသွားမည်ဟု ဆိုသည်။ သြဂုတ် ၂၇ ရက်ဂရင်းနစ် စံတော်ချိန်ည ၉ နာရီတွင် မုန်တိုင်းသည် ကာရီဘီယံပင်လယ်တွင်ဖြစ်ပေါ်နေသည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
