ဟေတီနိုင်ငံတွင် ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦးက ဦးဆောင်သည့် အသင်းတော် ဂိုဏ်းဝင်လူအုပ်စုကြီးသည် သြဂုတ် ၂၆ ရက်က ယင်းဒေသရှိလူဆိုးဂိုဏ်းအဖွဲ့ဝင်များကို ရှင်းလင်းရန် တောခုတ်ဓားများကိုင်ဆောင်၍ ချီတက်လာစဉ် အင်အားကြီးမားသော ဂိုဏ်းအဖွဲ့တစ်ဖွဲ့က ယင်းလူအုပ်ကိုသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ယင်းတိုက်ခိုက်မှုကို အခင်းဖြစ်ပွားရာနေရာရှိ သတင်းထောက်များက အချိန်နှင့်တပြေးညီ ရိုက်ကူးထားခဲ့ပြီး လူပေါင်းများစွာသေဆုံးကာ လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ Fondasyon Je Klere ၏ ညွှန်ကြားရေးမှူး မာရီယိုလန်နီဂီးလ်က အေပီသတင်းကိုပြောကြားခဲ့သည်။
ပို့အူပရင့်စ်မြို့ပြင်ဘက်တွင် ၂၀၁၀ ပြည့်နှစ်က ဆိုးရွားသော ငလျင်လှုပ်ခတ်မှုအတွင်း ၎င်းတို့၏နေအိမ်များကိုဆုံးရှုံးခဲ့ကြသည့် အသက်ရှင်ကျန်သူများ တည်ထောင်ထားသော ယာယီသုံးမြို့တစ်မြို့ဖြစ်သည့် ကာနန်းမြို့တစ်လျှောက် ဒေသခံခရစ်ယာန်ဘုရား ကျောင်းတစ်ကျောင်းမှ ရာနှင့်ချီသောလူများ ချီတက်လာကြချိန်တွင် မာရီယိုသည်အွန်လိုင်းမှ ကြည့်နေခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုတွင် လူမည်မျှသေဆုံးပြီး ဒဏ်ရာရရှိခဲ့သည်ကို ချက်ချင်းသိရှိခြင်း မရှိကြောင်း ၎င်းကဆိုသည်။
ကာနန်းမြို့ကို “5 Seconds” ဂိုဏ်းအဖွဲ့နှင့် မဟာမိတ်ဖြစ်သည်ဟု ယူဆရသော ဂျက်ဖ်အမည်ရှိ အမျိုးသားတစ်ဦး ဦးဆောင်သော ဂိုဏ်းအဖွဲ့တစ်ဖွဲ့က ထိန်းချုပ်ထားသည်။
ဟေတီတွင် သမ္မတဂျိုဗီနယ်မွိုက်စ် လုပ်ကြံခံခဲ့ရသည့် ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက လူဆိုးဂိုဏ်းအဖွဲ့များ ပိုမိုအင်အားကြီးထွားလာပြီး ပို့အူပရင့်စ်မြို့တော်၏ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားသည်ဟု ခန့်မှန်းခဲ့ကြသည်။
လူ့အခွင့်အရေး လေ့လာစမ်းစစ်မှုဆိုင်ရာ ဟေတီစင်တာ၏ ညွှန်ကြားရေးမှူး ဂီဒီယွန်ယန်းက သူသည် အွန်လိုင်းတွင်တင်ထားသော ယင်းဖြစ်စဉ်ကို ကြည့်ရှုခဲ့ပြီး စုံစမ်းစစ်ဆေးရန်အတွက် တရားရေးဝန်ကြီးဌာနကို တောင်းဆိုရန်စီစဉ်နေသည်ဟု ဆိုသည်။
ဂီဒီယွန်က သင်းအုပ်ဆရာအား ယင်းကဲ့သို့အခြေအနေအတွင်းသို့ လူအုပ်ကြီးကိုဆွဲ သွင်းခဲ့သည့်အတွက် တာဝန်မဲ့လုပ်ရပ်ဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။
တောခုတ်ဓားများ ကိုင်ဆောင်ထားသည့် အသင်းတော်ဂိုဏ်းဝင်များသည် ချေမှုန်းရေးရိုင်ဖယ်များ ကိုင်ဆောင်ထားသော လူဆိုးဂိုဏ်းအဖွဲ့ဝင်များနှင့် ဘက်ညီခြင်းမရှိကြောင်း ၎င်းကဆိုသည်။
“ရဲတပ်ဖွဲ့တွေအနေနဲ့ သူတို့ဒီလိုချီတက်နေတာကို တားဆီးသင့်ပါတယ်။ နိုင်ငံအနေနဲ့ ဒီဖြစ်စဉ်မျိုးဖြစ်ခွင့်ပြုတာအရမ်းကို ထိတ်လန့်ဖို့ကောင်းပါတယ်”ဟု ဂီဒီယွန်က ပြောကြားခဲ့သည်။
ဟေတီတွင် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၅ ရက်အထိ လူပေါင်း ၂၄၀၀ ကျော်သေဆုံးခဲ့ပြီး လူ ၉၅၀ ကျော်ပြန်ပေးဆွဲခံခဲ့ရကာ နောက်ထပ် လူ ၉၀၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂ၏ မကြာသေးမီက ထုတ်ပြန်သည့် စာရင်းတွင်ဖော်ပြထားသည်။
လူဆိုးဂိုဏ်းများ၏အကြမ်းဖက်မှုများ မြင့်တက်မှုအပေါ် စိတ်ပျက်လာသော ဟေတီပြည်သူများသည် သံသယရှိသော လူဆိုးဂိုဏ်းအဖွဲ့ဝင်များကို ပစ်မှတ်ထားနှိမ်နင်းသည့် လှုပ်ရှားမှုတစ်ခုကို ဧပြီလတွင်စတင်လုပ်ဆောင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
