ဖိလစ်ပိုင်နိုင်ငံအရှေ့မြောက်ပိုင်းရှိ အထူးသဖြင့် ကျေးလက်ဒေသများတစ်ဝန်း၌ စူပါတိုင်ဖွန်း ဆေအိုလာတိုက်ခတ်မှုကြောင့် ရေကြီးမှုများကြုံတွေ့နေသည့်အတွက် လူပေါင်းရာချီ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြသည်ဟု ကယ်ဆယ်ရေးတာဝန်ရှိသူများက သြဂုတ် ၂၇ ရက်တွင်ပြောကြားခဲ့သည်။
ဆေအိုလာသည် သြဂုတ် ၂၆ ရက် ညအချိန်တွင် အဓိကလူဇွန်ကျွန်း၏ အရှေ့မြောက်ဘက်အပိုင်းကို ဖြတ်ကျော်တိုက်ခတ်ခဲ့ပြီး လူ ၁၆၀,၀၀၀ ခန့်နေထိုင်သော တူဂွီရာရောင် မြို့၏ ၁၂၅ ကီလိုမီတာအတွင်း၌လေတိုက် နှုန်းသည် တစ်နာရီလျှင် ၁၁၅ မိုင်အထိ တိုက်ခတ်ခဲ့သည်ဟု ဆိုသည်။
“လေတိုက်နှုန်းကတော့ သိပ်မပြင်းပေမယ့် သြဂုတ် ၂၆ ရက် ညအချိန်က မိုးကတော့ တော်တော်များပါတယ်”ဟု ကာဂါရန်ပြည်နယ်မှ ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် ရူလီရက်ပ်ဆင်းက ပြောကြားခဲ့သည်။
ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေးရုံးက အေပါရီဒေသရှိ နေအိမ်များတွင် ဒူးအထိ နစ်မြှုပ်သော ရေများဖုံးလွှမ်းနေသည့် ဓာတ်ပုံများကို ၎င်း၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ကာဂါရန်မြို့လေးမြို့တွင် ရေကြီးမှုကြောင့် လူူ ၃၈၈ ဦးဘေးလွတ်ရာပြောင်းရွှေ့ခဲ့ကြပြီး အခြားမြို့နှစ်မြို့တွင် ရေများဆက်လက်မြင့်တက်လျက်ရှိသည်ဟု ရက်ဆင်းက ဆိုသည်။
ဓာတ်အားလိုင်းများပြတ်တောက်မှုကြောင့် လူ ၁ ဒသမ ၂ သန်းရှိသည့် ပြည်နယ်တစ်ဝန်းတွင် လျှပ်စစ်ဓာတ်အား ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်လျက်ရှိသော်လည်း သေဆုံးသူ သို့မဟုတ် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးသည့်လက္ခဏာမရှိဟု ၎င်းကထပ်မံပြောကြားခဲ့သည်။
“ဆာအိုလာဟာ သြဂုတ် ၂၇ ရက်အစောပိုင်းမှာ လူဇွန်ရဲ့ အရှေ့ကမ်းရိုးတန်းကနေ တောင်ဘက်ကို ဦးတည်ခဲ့ပါတယ်။ ပြည်နယ် မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည့်အစား ကမ်းရိုးတန်းရေပြင်တွင် ရှိနေလိမ့် မည်ဟု ဆိုသည်။
ကာဂါရန်ပြည်နယ်၏ တောင်ပိုင်းရှိအရှေ့ဘက်ကမ်းရိုးတန်းပြည်နယ်များဖြစ်သော အစ္စဘယ်လာနှင့် အော်ရိုရာရှိ ကယ်ဆယ်ရေးတာဝန်ရှိသူများက ယင်းနေရာများတွင်အပျက်အစီး သို့မဟုတ် သေဆုံးသူစာရင်း ချက်ချင်းထွက်ပေါ်လာခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။
အဓိကခြိမ်းခြောက်မှုသည် ရေကြီးမှုများနှင့် မြေပြိုမှုများကို ဖြစ်စေနိုင်သော မိုးသည်းထန်စွာ ရွာသွန်းမှုမှဖြစ်သည်ဟု မိုးလေဝသဌာနကဆိုသည်။
ကာဂါရန်နှင့် အစ္စဘယ်လာကမ်းရိုးတန်းများတွင် မိုးရေချိန်သည် ၂၀၀ မီလီမီတာအထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
ဆာအိုလာသည် သြဂုတ် ၂၈ ရက်တွင် မြောက်ပိုင်းသို့ ဦးတည်သွားမည်ဟု ခန့်မှန်းထားကာ သြဂုတ် ၃၀ ရက် သို့မဟုတ် ၃၁ရက် အစောပိုင်းတွင် ထိုင်ဝမ်တောင်ပိုင်းသို့ဝင် ရောက်တိုက်ခတ်မည်ဟုခန့်မှန်းထားသည်။
ဖိလစ်ပိုင်တွင် နှစ်စဉ်နှစ်တိုင်းအဓိက မုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး လူပေါင်းရာချီသေဆုံးကာ ဒေသအများအပြားကို ထပ်တလဲလဲဆင်းရဲချို့တဲ့စေခဲ့သည်။ လွန်ခဲ့သည့်လက အင်အားပြင်းတိုင်ဖွန်း ဒေါ့ဆူရီသည် ဖိလစ်ပိုင်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော လေပြင်းများနှင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံမှုများ ဖြစ်ပွားကာ လူပေါင်းထောင်ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
