စစ်တောင်းမြစ်ရေမှာ (၂၄) နာရီအတွင်း (၁) ပေခွဲခန့် ကျဆင်းသွားနိုင်သော်လည်း အဆိုပါရေများသည် အောက်ဘက်သို့ ဆက်လက်စီးဆင်းလာမည်ဖြစ်သည့်အပြင် နောက် (၃) ရက် (၄) ရက်အတွင်း မိုးများနိုင်သောကြောင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၁၆ ခု ဝန်းကျင်၌ ရေကြီးရေလျှံမှုကို သတိထားရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် သတိပေးထားသည်။
“အခုအချိန်မှာ စစ်တောင်းမြစ်ရေက အထက်ဘက် တောင်ငူမှာ စိုးရိမ်ရေမှတ်အထက် (၅) ပေခွဲကျော် ရောက်နေပြီး နောက် (၂၄) နာရီအတွင်း ၁ ပေခွဲလောက် ကျနိုင်မယ်လို့ မိုးဇလရဲ့ (၁၅) ရက် နေ့လယ် ခန့်မှန်းချက်မှာ တွေ့ရပါတယ်။ ဒီရေတွေက အောက်ဘက်ကို ဆက်ဆင်းလာမှာပါ။ ရေတွေ အောက်ဘက်ကို ရောက်လာချိန် နောက် (၃) ရက် (၄) ရက်အတွင်း ပဲခူးမြို့ဝန်းကျင်မှာ မိုးကများနိုင်ပြီး၊ (၁၇)ရက် လပြည့်နေ့ ဒီရေတက်ချိန်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ အဲဒီရက်အတွင်း မိုးရေချိန် (၂၄) နာရီအတွင်း (၃၀) မီလီမီတာနဲ့အထက် ရွာရင်တော့ ပုံပါရေကြီးနိုင်ချေရှိတဲ့ Risk area တွေအတွက် အန္တရာယ်များပါတယ်”ဟု ဦးဝင်းနိုင်က ရေးသားထားသည်။
အဆိုပါ ရေကြီးနိုင်ခြေများသည့် ဒေသများမှာ ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ ဘုရားကြီး ၊ ပဲနွယ်ကုန်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပိန်းဇလုပ်၊ ဖဒို၊ မဒေါက်၊ ရွှေကျင်၊ ဝေါ၊ သနပ်ပင်၊ ပြွန်တန်ဆာ၊ ကဝ၊ သက္ကလ ၊ အင်းတကော်၊ ဒိုက်ဦး မြို့တို့ဖြစ်ကြောင်း ၎င်းက အသိပေးထားသည်။
ထို့ပြင် မိုးနှောင်းကာလမှာ အောက်တိုဘာ (၁၀) ရက်အထိ ဆက်ရှိနေပြီး၊ မုတ်သုံဆုတ်ခွာရက်မှာ ခန့်မှန်း အောက်တိုဘာ (၁၅)ရက်
ဝန်းကျင်ဖြစ်နိုင်သောကြောင့် မုတ်သုံဆုတ်ခွာချိန်ကာလများအတွင်း မိုးများတတ်ကြောင်း ၎င်းက ရေးသားထားသည်။
“၂၄ နာရီအတွင်းမှာ မိုးရေချိန် ၁.၂ လက်မခန့် အထက်ရွာရင် မိုးများပါတယ်။ (၁၇) ရက် ညနေ (၃) နာရီမှ (၁၈) ရက် ညနေ (၃) နာရီအတွင်း မိုးများနိုင်တာက ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအရှေ့တောင်ပိုင်းလောက်ပါပဲ။ ဒါကြောင့် ကျန်ဒေသတွေ စိုးရိမ်စရာ မရှိပါ”ဟု ၎င်းက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်အစရှိသည့် ဒေသများထက် စစ်တောင်းမြစ်အောက်ပိုင်း၊ ပဲခူးအောက်ဘက်၊ သံလျင်မြို့နယ်နှင့် ရန်ကုန်ဒေသကြီး အရှေ့ပိုင်းခရိုင်များတွင် မိုးများနိုင်မည့် အခြေအနေကို စောင့်ကြည့်သတိထားသင့်ကြောင်းလည်း ၎င်းက အသိပေးရေးသားထားသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
