နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာပြည်နယ်ရှိ မြစ်ကြောင်းတစ်ခုတွင် စက်လှေတိမ်းမှောက်ခဲ့မှုကြောင့် လူ ၆၄ ဦးထက်မနည်း ေ-သဆုံးခဲ့ဖွယ်ရှိသည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက စနေနေ့တွင် ပြောဆိုသည်။
စနေနေ့မနက်ပိုင်းက လယ်သမား ၇၀ ဦးခန့်ကို တင်ဆောင်လာသည့် သစ်သားစက်လှေတစ်စီးသည် ဂမ်မီမြို့အနီးရှိ ၎င်းတို့၏ လယ်မြေများရှိရာသို့ ပို့ဆောင်ပေးရန် မြစ်ကိုဖြတ်သန်းစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် ဒေသခံများကို စုစည်းကာ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြပြီး သုံးနာရီခန့်အကြာတွင် လူခြောက်ဦးကို မြစ်ရေထဲမှ ကယ်ဆယ်နိုင်ခဲ့ကြသည်။
“ဂမ်မီ ဒေသန္တရအုပ်ချုပ်ရေးနယ်မြေမှာ ဒီလိုမတော်တဆဖြစ်ရပ်ဟာ ဒုတိယအကြိမ်မြောက်ပါ” ဟု ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင်ခဲ့သည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Aminu Nuhu Falale က ပြောဆိုသည်။
အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် နောက်ထပ် အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့နိုင်ရေးအတွက် အရှိန်မြှင့်ကာရှာဖွေနေသည်ဟုလည်း သူက ပြောဆိုခဲ့သည်။
ယင်းဒေသတွင် ၎င်းတို့ စိုက်ပျိုးမြေများသို့ ရောက်ရှိရန်အတွက် နေ့စဉ်နှင့်အမျှ မြစ်ကို ဖြတ်သန်းသွားနေကြသည့် လယ်သမား ၉၀၀ ကျော်ရှိသော်လည်း ၎င်းတို့ကို သယ်ပို့ပေးနိုင်သည့် စက်လှေနှစ်စင်းသာရှိသဖြင့် မကြာခဏဆိုသလို လူများကို ဝန်နှင့်အား မမျှဘဲ တင်ဆောင်နေရသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောဆိုသည်။
တွင်းထွက်သံယံဇာတများကို ထိန်းချုပ်လိုသော ရာဇဝတ်ဂိုဏ်းများ၏ ရန်ကိုခံနေရသည့် ဇမ်ဖာရာပြည်နယ်သည် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဆိုးဝါးသည့် ရေကြီးရေလျှံမှုဘေး နှင့်လည်း ကြုံတွေ့နေရသည်။ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရေကြီးမှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၁၀,၀၀၀ ကျော်ရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
Ref: Aol.
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
