ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် ဟော်စတိုင်ကီလ်အသင်း နှင့်ပွဲ၌ ဟက်ထရစ်သွင်းယူပြီးနောက် ဘွန်ဒစ်လီဂါ ၃၅ ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု ၅၁ ဂိုးအထိရှိလာပြီး ဟာလန်းတင်ရှိထားသည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားသည့် ဘွန်ဒစ်လီဂါပွဲစဉ် (၃) တွင် ဘိုင်ယန်မြူးနစ်အသင်းက တန်းတက်ဟော်စတိုင်ကီလ် အသင်းအား အဝေးကွင်း၌ (၁-၆) ဂိုးဖြင့် ဂိုး ပြတ်အနိုင်ရခဲ့သည်။ ဟာရီကိန်းသည် ပွဲအစ ၁၃ စက္ကန့်မှာပင် မူဆီယာလာသွင်းယူသည့် ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ၇၊ ၄၃၊ ၉၀+၁ (ပယ်နယ်တီ) မိနစ်တွင် ဟက်ထရစ်သွင်းယူခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ၎င်းအနေဖြင့် ဘွန်ဒစ်လီဂါ ပြိုင်ပွဲတွင် ၃၅ ပွဲကစားပြီးနောက် ဂိုး ၄၀ သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားပြီး ဂိုးပါဝင်ပတ်သက်မှု ၅၁ ဂိုးအထိ ရှိလာပြီဖြစ်သည်။ Opta ၏ မှတ်တမ်းအရ ဘွန်ဒစ်လီဂါ ပြိုင်ပွဲ၌ အချက်အလက်များ စတင်ကောက်ယူသည့် ၂၀၀၄-၂၀၀၅ ရာသီမှစ၍ ဂိုးပါဝင်ပတ်သက်မှု ၅၀ ပြည့်မြောက်သူများအနက် အမြန်ဆုံးအဖြစ် ဒေါ့မွန်အသင်း တိုက်စစ်မှူးဟောင်း အာလင်းဟာလန်း (ယခုမန်စီးတီး) က ၄၄ ပွဲဖြင့် မှတ်တမ်းဝင်ထားပြီး ဟာရီကိန်းက ၃၅ ပွဲကစားအပြီးမှာပင် ကျော်ဖြတ်၍ စံချိန်သစ် တင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဟာရီကိန်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားရသည့် ၁၈ သင်းစလုံးကို ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူးဟောင်း မီရိုဆလပ်ဗ်ကလိုဆေးက ပြိုင်ဘက် ၂၈ သင်းစလုံးကို ဂိုးသွင်းယူ၍ စံချိန်တင်ထားသည်။
ယင်းပွဲတွင် မူဆီယာလာသွင်းယူခဲ့သည့် အဖွင့်ဂိုးမှာလည်း အသင်းသမိုင်းတစ်လျှောက် ဘွန်ဒစ်လီဂါပွဲစဉ်များ၌ ဒုတိယအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် အမြန်ဆုံးဂိုးသွင်းယူထားသူမှာ ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ဂျီယိုဗန်နီအယ်လ်ဘာဖြစ်ပြီး ၁၉၉၈ ခုနှစ်က ဟမ်းဘတ်အသင်းနှင့်ပွဲ၌ ပွဲအစ ၁၁ စက္ကန့်မှာပင် သွင်းယူခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
