အီရန်၏ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှုကို အဖျက်အမှောင့်လုပ်မည့် အစ္စရေး၏လျှို့ဝှက်အကြံအစည်ကို ဟန့်တားနိုင်ခဲ့ပြီး ယင်းအကြံအစည်တွင် ပါဝင်ပတ်သက်နေသည့် သူလျှိုများကို ဖမ်းမိထားသည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း အီရန်နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
ဒုံးကျည်များကို ပေါက်ကွဲပျက်စီးစေသည့် ချွတ်ယွင်းနေသည့် အစိတ်အပိုင်းများကို အီရန်အားရောင်းချမည့် ၎င်းအကြံအစည်သည် အဓိကရန်သူတော် အစ္စရေး၏ မော့ဆက်ထောက်လှမ်းရေးဌာန၏ လက်ချက်ဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာန၏ အမည်မဖော်လိုသော ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု IRNA သတင်းဌာနက ဖော်ပြသည်။
သတ်မှတ်ထားသည့် နေ့ရက်နှင့်အချိန်တွင် ပေါက်ကွဲမှုဖြစ်စေရန်အတွက် ဒုံးကျည်များအတွင်း ပေါက်ကွဲစေသည့် ဆားကစ်များ ထည့်သွင်းရန် ရန်သူ့သူလျှိုများက ကြိုးပမ်းခဲ့သည်ဟု အီရန်ဒုတိယကာကွယ်ရေးဝန်ကြီး မက်ဒီဖာရာဟီက စွပ်စွဲခဲ့သည်။
ယင်းသည် မော့ဆက်ထောက်လှမ်းရေးအဖွဲ့၏ တိုက်ရိုက်ညွှန်ကြားမှုဖြင့် လှုပ်ရှားသော အလွန်ကျွမ်းကျင်သည့် အဖွဲ့တစ်ဖွဲ့သည် အဆင့်မြင့်ဒုံးလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အနာအဆာ ချွတ်ယွင်းချက်ရှိသော အစိတ်အပိုင်းများကို ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူက ဆိုသည်။
“အဲဒီအဖွဲ့ဟာ ချွတ်ယွင်းချက်ရှိတဲ့ အစိတ်အပိုင်းတွေကို ရောင်းချပြီးတော့ ဒုံးကျည်ထုတ်လုပ်မှုတွေနဲ့ အဲဒီလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို အကြီးအကျယ် အထိနာစေမယ့် ဖောက်ခွဲရေးကိရိယာအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ခြင်းဖြစ်တယ်” ဟု ၎င်းတာဝန်ရှိသူက IRNA သတင်းဌာနကို ပြောကြားခဲ့သည်။
“ရန်သူဇီယွန်ဝါဒီတွေရဲ့ အကြံအစည်ဟာ အလွန်ရှုပ်ထွေးပေမဲ့ အဲဒီလှုပ်ရှားမှုကို အစကတည်းက ထောက်လှမ်းစောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီအဖွဲ့ရဲ့ အေးဂျင့်တွေကို ဖမ်းဆီးကာ အလုံးစုံဟန့်တားနိုင်ခဲ့တယ်” ဟုလည်း ၎င်းကဆိုသည်။ သို့ရာတွင် ဖမ်းဆီးထားသူ အရေအတွက်နှင့် မည်သည့်နိုင်ငံသား ဖြစ်သည်ကိုမူ ၎င်းကပြောကြားခဲ့ခြင်းမရှိပေ။
အစ္စရေးနှင့် အီရန်တို့သည် နှစ်ပေါင်းများစွာ ကြားခံစစ်ပွဲဆင်နွှဲခဲ့ပြီး အစ္စရေးသည် အမေရိကန်နှင့်အတူ ၎င်း၏နျူကလီးယား အစီအစဉ်ကို ပစ်မှတ်ထား၍ အဖျက်အမှောင့် တိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေသည်ဟု အီရန်က စွပ်စွဲထားသည်။
ယခုနှစ်ဇန်နဝါရီလက နိုင်ငံအလယ်ပိုင်း အစ်စ်ဖာဟန်ပြည်နယ်ရှိ ကာကွယ်ရေးဝန်ကြီးဌာန နေရာတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် အစ္စရေးရှိနေသည်ဟုလည်း အီရန်က စွပ်စွဲခဲ့သည်။
အမေရိကန်နှင့် အစ္စရေးကလည်း အီရန်သည် ဒရုန်းများ၊ ဒုံးလက်နက်များအသုံးပြုကာ ပါရှန်ပင်လယ်ကွေ့တွင် အမေရိကန်တပ်ဖွဲ့ဝင်များ၊ အစ္စရေးနှင့်ဆက်နွှယ်နေသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့သည်ဟု တန်ပြန် စွပ်စွဲထားသည်။
အီရန်အာဏာပိုင်များသည် ချွတ်ယွင်းချက်ရှိသော အဆိုပါအစိတ်အပိုင်းများကို မည်သည့်အချိန်က ဖော်ထုတ်သိရှိခဲ့သနည်း ဆိုသည်နှင့် ယင်းတို့ကို ပဲ့ထိန်းဒုံးကျည်များတွင် တပ်ဆင်ခဲ့ခြင်း ရှိမရှိဆိုသည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
