ယခုသီတင်းပတ်အတွင်းတွင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဂါဘွန်နိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ချက်ချင်းရပ်ဆိုင်းရန် မိမိတို့ဆုံးဖြတ်ခဲ့သည်ဟု သြဂုတ် ၃၁ ရက်တွင် အာဖရိကသမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီက ပြောကြားသည်။
“ ၂၀၂၃ ခုနှစ် သြဂုတ် ၃၀ မှာ သမ္မတ အလီဘွန်ဂိုကို ဖြုတ်ချခဲ့တဲ့ ကွန်ဂိုသမ္မတနိုင်ငံက စစ်တပ်အာဏာသိမ်းမှုကို မိမိတို့ ပြင်းထန်စွာရှုတ်ချပါတယ်”ဟု အာဖရိကသမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီက လူမှုမီဒီယာ X တွင် ဖော်ပြခဲ့သည်။
အာဖရိကသမဂ္ဂ၏လုပ်ငန်းကိစ္စရပ် အားလုံးတွင် ဂါဘွန်ပါဝင်ဆောင်ရွက်မှုကို ချက်ချင်းဆိုင်းင့ံရန် ဆုံးဖြတ်လိုက်သည်ဟု ဖော်ပြထားသည်။ ဂါဘွန်တွင် ဖဲဲွ့စည်းပုံအခြေခံဥပဒေဆိုင်ရာအမိန့်အာဏာ ပြန်လည် ဖော်ဆောင်ချိန်အထိ ဂါဘွန်အဖွဲ့အစည်းအားလုံးကို ဆိုုင်းငံ့ထားမည်ဟု ဆိုသည်။
ဂါဘွန်၌ စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက်အကြာတွင် အာဖရိကသမဂ္ဂ၏ ဆုံးဖြတ်ချက် ထွက်လာခြင်းဖြစ်သည်။
ရှေ့ဆက်ရန် အကောင်းဆုံးနည်းလမ်း ရှာဖွေရေးအတွက် စစ်အစိုးရနှင့် လက်တွဲလုပ်ဆောင်ချင်သည်ဟု ဂါဘွန်အတိုက်အခံက ပြောကြားလိုက်စဉ် သမ္မတအလီဘွန်ကိုဂိုဖြုတ်ချပြီး ဗိုလ်ချုပ်ကြီးတစ်ဦးကို နိုင်ငံ တော်အကြီးအကဲအဖြစ်ခန့်အပ်ခဲ့သော ဂါဘွန်အရာရှိများကို အရေးယူရန် အာဖရိက ခေါင်းဆောင်များက သြဂုတ် ၃၁ ရက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အာဏာလွှဲယူမှုက ဘွန်ဂိုမိသားစု၏ နှစ်ခြောက်ဆယ်နီးပါးကြာ အာဏာကိုင်စွဲမှုကို အဆုံးသတ်သွားစေခဲ့ပြီး ၂၀၂၀ ခုနှစ် နောက်ပိုင်း အာဏာသိမ်းမှုရှစ်ကြိမ်ဖြစ်ပွားခဲ့သော အာဖရိအတွက် ပဟေဠိသစ်ကိုပေါ် ပေါက်စေသည်။ နိုင်ဂျီးယားသမ္မတဘိုလာ တီနူဘူးက အဆိုပါ အာဏာသိမ်းမှုများကို သက်ဦးစံပိုင်စနစ် ကူးစက်ခြင်းဟု ပြောကြားသည်။
အလယ်အာဖရိက နိုင်ငံရေးအဖွဲ့ဖြစ်သည့် အလယ်အာဖရိကနိုင်ငံများ၏စီးပွား ရေးအသိုင်းအဝိုင်းအဖွဲ့(ECCAS)က ဂါဘွန်အာဏာသိမ်းမှုကို ထုတ်ပြန်ချက်တွင် ပြစ်တင်ရှုတ်ချထားပြီး တုံ့ပြန်ရေးအတွက် နိုင်ငံတော်အကြီးအကဲများပါဝင်သည့် အစည်းအဝေးကို ကျင်းပရန် စီစဉ်ထားသည်ဟု ပြောကြားသည်။ အစည်းအဝေးကျင်းပမည့် ရက်စွဲကို ဖော်ပြထားခြင်းမရှိပေ။
အာဖရိကသမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီသည် အာဏာသိမ်းမှုအကြောင်း ဆွေးနွေးရန် သြဂုတ် ၃၁ ရက်တွင် တွေ့ဆုံမည်ဟု အာဖရိကသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌအတွက်ပြောရေးဆိုခွင့်ရှိက ပြောကြားခဲ့ပြီး ဂါဘွန်ကိုု ဆိုင်းငံ့သည့် ဆုံးဖြတ်ချက်ထွက်လာခြင်းဖြစ်သည်။
တု့ံပြန်ရေးအစီအစဉ်တစ်ရပ်ကို ရေးဆွဲရန် အခြားအာဖရိကခေါင်းဆောင်များနှင့်အတူ မိမိသည် အနီးကပ်လုပ်ဆောင်နေသည်ဟု နိုင်ဂျီးရီးယားသမ္မတတီနူဘူက ပြောကြားသည်။ တီနူဘူသည် မေလတွင် နိုင်ဂျီးရီးယား သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ခဲ့သူဖြစ်ပြီး အနောက်အာဖရိကစီးပွားရေးအဖွဲ့အီကို ဝက်စ်၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သည်။
သြ ဂုတ် ၂၃ ရက်ရွေးကောက်ပွဲအပြီးတွင် ဘွန်ဂိုက တတိယသက်တမ်းကို သက်တောင့် သက်သာအနိုင်ရသွားသည်ဟု ရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပြီးနောက် မကြာမီ တွင်ဂါဘွန်ထိပ်တန်းအရာရှိများက အာဏာသိမ်းသည်ဟု သြဂုတ် ၂၇ ရက် အရုဏ်မတက်မီ အချိန်တွင် ကြေညာခဲ့သည်။
သြဂုတ် ၂၇ ရက်ညပိုင်းတွင် နေအိမ်၌ ထိန်းသိမ်းခံထားရသည့် ဘွန်ဂို၏ ဗီဒီယိုထွက်ပေါ်လာသည်။ အဆိုပါ ဗီဒီယိုတွင် ဘွန်ဂိုက အကူအညီပေးရန် နိုင်ငံတကာမဟာမိတ်များကို မေတ္တာရပ်ခံထားသည်ဆိုသော်လည်း ၎င်း၏ ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကို လုံးလုံး မသိသည့်ပုံစံပေါ်နေသည်။
အာဏာသိမ်းခေါင်းဆောင်များက နောက်ပိုင်းတွင်အိုလီဂွီအန်ဂွီမာကို အသွင်ကူးပြောင်းရေးဆိုင်ရာသမ္မတဟု ကြေညာကြောင်း နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့်ထုတ်ပြန်ခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
