ဥရောပသမဂ္ဂက ၁၂ လအတွင်း ယူကရိန်းကို လက်နက်ကြီး ကျည်ဆန်တစ်သန်းပေးမည်ဆိုသည့် မတ်လ ရည်မှန်းချက်ကို ပြည့်မီရန်များစွာလိုအပ်နေကြောင်း ကိန်းဂဏန်းများကဖော်ပြနေသောကြောင့် ယူက ရိန်းအတွက် ခဲယမ်းများ ပိုမိုမှာယူကြရန် ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရယ်က သြဂုတ် ၃၀ ရက်တွင် အီးယူအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းလိုက်သည်။
ခဲယမ်းများ ဝယ်ယူရေးအတွက် အဖွဲ့ဝင်နိုင်ငံများ သဘောတူထားသော စာချုပ်ဟုခေါ်သည့် အလုံးစုံလွှမ်းခြုံသော သဘောတူညီချက်များကို ရုရှားကျူးကျော်မှုအား တွန်းလှန်နေသည့် ယူကရိန်း အရေးတကြီးလိုအပ်နေသော ၁၅၅ မမ လက်နက်ကြီးကျည်ဆန်များအတွက် အီးယူအဖွဲ့ဝင်နိုင်ငံများ ပူးတွဲ မှာယူနိုင်စေရန် လက်နက်ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးထားသည်။
“လက်နက်ကုမ္ပဏီတွေနဲ့ လက်မှတ်ထိုးထားတဲ့အဲဒီသဘော တူညီချက်မူဘောင်အတိုင်းခိုင်မာတဲ့ အော်ဒါတွေမှာဖို့ အခုအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘော ဆန္ဒအတိုင်းဖြစ်သွားပါပြီ”ဟု စပိန်နိုင်ငံ တိုလီဒိုမြို့တွင် အီးယူကာကွယ်ရေးဝန်ကြီးများနှင့်ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် ဘော်ရယ်က သတင်းထောက်များကို ပြောကြားသည်။
အထင်ကရ သဘောတူညီချက်အရ အီးယူနိုင်ငံများသည် ၁၂ လအတွင်းယူကရိန်းကို ယူရိုသန်းနှစ်ထောင ်( အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈ ဘီလျံ)တန်ကြေးရှိသောလက်နက်ကြီးကျည်ဆန်တစ်သန်း သို့မဟုတ် ဒုံး ကျည်များပံ့ပိုးရန် အစီအစဉ်တစ်ရပ်ကို မတ်လတွင် သဘောတူထားကြသည်။
ပထမအဆင့်တွင် နိုင်ငံများအနေဖြင့် ၎င်းတို့ သိမ်းထားသော ခဲယမ်းများထဲမှရယူရန် သို့မဟုတ် အခြားနေရာမှ ဝယ်ပေးရန်ဖြစ်သည်။ သို့ရာတွင် ပထမအဆင့်၌ လက်နက်ကြီးကျည်ဆန် ၂၂၄,၀၀၀ နှင့် ဒုံးကျည် ၂,၃၀၀ သာပေးနိုင်ခဲ့သည်ဟု ဘော်ရယ်က ပြောကြားခဲ့ပြီး တန်ဖိုးအားဖြင့် ယူရို ၁ ဒသမ ၁ ဘီလျံခန့်ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် အီးယူသည် ခဲယမ်းများ ပူးတွဲဝယ်ယူရေးအစီအစဉ် စတင်ပြီးနောက် ငါးလကျော်ကြာမြင့်လာချိန်တွင် ၎င်း၏ ရည်မှန်းချက် လေးပုံတစ်ပုံ မပြည့်သည့် သဘောပင်ဖြစ်သည်။
ကျန်သော လက်နက်ကြီးကျည်ဆန်များကို ဒုတိယအဆင့်အစီအစဉ်တွင်ပေးရမည် ဖြစ်သည်။ ဒုတိယအဆင့်အစီအစဉ်သည် ပူးတွဲဝယ်ယူရေးအစီအစဉ်ဖြစ်ပြီး အီးယူနိုင်ငံများသည် ယူကရိန်းအတွက် အော်ဒါများမှာယူကြရမည်ဖြစ်ပြီး ယူကရိန်းကို လှူုဒါန်းသည့်အတွက် ကုန်သွားသောမိမိတို့ ခဲယမ်းများကို ပြန်လည် ဖြည့်တင်းရန်ဖြစ်သည်။
ဒုတိယဆင့် အစီအစဉ်အရ အော်ဒါမှာယူခြင်းမရှိသေးသည့်အတွက် အီးယူနိုင်ငံအချို့က အခြားနည်းလမ်းများကို စဉ်းစားရန် အီးယူအဖွဲ့ကို တိုက်တွန်းလျက်ရှိသည်။
“ငါတို့ နောက်ထပ်လှူနိုင်သလားဆိုပြီး ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပြန်မေးကြရပါမယ်။ ကျွန်တော့် အဖြေကတော့ လှူနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လှူနိုင်ပါတယ်”ဟု အက်စတိုးနီးယားကာ ကွယ်ရေးဝန်ကြီး ဟန်နိုပက်ဗကာက အစည်း အဝေးအပြီးတွင် ပြောကြားသည်။ အစည်းအဝေးကျင်းပရာ နေရာသည်ယခင်လက် နက်စက်ရုံဟောင်းဖြစ်ပြီး ယခုတက္ကသိုလ် အဆောက်အအုံဖြစ်သည်။
Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
