မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့် နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ဒေသအဖြစ် တာတိုပစ်ပဲ့ထိန်းဒုံး ကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက သြဂုတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန်က B-1B ဗုံးကြဲလေယာဉ်များကို ဖြန့်ကြက်ခဲ့ပြီး နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားက ယခုစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ မြောက်ကိုရီးယားကို အမြဲတစေဒေါသထွက်စေခဲ့သည့် အမေရိကန်နှင့် မဟာမိတ် တောင်ကိုရီးယားတို့၏ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုများပြီးဆုံးရန် တစ်ရက်အလိုတွင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ခဲ့ခြင်းလည်းဖြစ်သည်။
ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို အကြီးမားဆုံး ပမာဏဖြင့် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့ဝင် သောင်းနှင့်ချီ ပါဝင်မည်ဖြစ်ကာ စစ်မြေပြင် လက်တွေ့လေ့ကျင့်မှုအစီအစဉ် ၃၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း မဟာမိတ်နိုင် ငံများကအစောပိုင်းတွင် ပြောဆိုထားသည်။ မြောက်ကိုရီးယားကမူ ထိုစစ်ရေးလေ့ကျင့်မှုများသည် နျူကလီးယားစစ်ပွဲအတွက် အကြိုပြင်ဆင်မှု ဖြစ်သည်ဟု ရှုတ်ချပြောဆိုကာ ၎င်းစစ်ရေးလေ့ကျင့်မှုများကို ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု ထပ်တလဲလဲ သတိပေး ထားသည်။
မြောက်ကိုရီးယား၏ လတ်တလော ဒုံးကျည်စမ်းသပ်မှုကို သြဂုတ် ၃၀ ရက်နှောင်းပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား နယ်စပ်တစ်လျှောက်ရှိ အဓိကကွပ်ကဲရေးဌာနများနှင့် လည်ပတ်အသုံးပြုနေသည့် လေ ယာဉ်ကွင်းများကို အလုံးစုံဖျက်ဆီးပစ်သည့် အသွင်သဏ္ဌာန် နျူကလီးယားလက်နက်ဖြင့် နည်းဗျူဟာမြောက် တိုက်ခိုက်သည့် စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း မြောက်ကိုရီးယားစစ်တပ်က ပြောကြားသည်။
စစ်မြေပြင်သုံးတာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အရှေ့မြောက်ဘက်ဆီသို့ ပစ်လွှတ်ခဲ့ပြီး နျူကလီးယားဖြင့် တိုက်ခိုက်ရေးမစ်ရှင်ကို မှန်ကန်တိကျစွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် ရန်သူများကို ပြတ်ပြတ်သားသား သတိပေးရန်ရည်ရွယ်ကြောင်းလည်း KCNA က ဆိုသည်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS)က မြောက်ကိုရီးယားဘက်မှ အရှေ့ပင်လယ် (ဂျပန်ပင်လယ်ဟုလည်းလူသိများ)ဆီသို့ ညသန်းခေါင်မတိုင်မီက ပစ်လွှတ်ခဲ့သည့် တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
အဆိုပါဒုံးကျည်များသည် ကီလိုမီတာ ၃၆၀ ခန့် ပျံသန်းရောက်ရှိခဲ့ပြီး ထို့နောက်တွင် ပင်လယ်ပြင်ထဲသို့ ကျရောက်ခဲ့ကြောင်းနှင့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိ ကန်ထောက်လှမ်းရေး တာဝန်ရှိသူများကသုံး သပ်လေ့လာလျက်ရှိကြောင်း JCS က ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။
၎င်းဒုံးကျည်နှစ်စင်းသည် ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းခြေအနီး၊ ဂျပန်၏ အထူးစီးပွားရေးဇုန် အပြင်ဘက်တွင် ကျရောက်ခဲ့သည်ဟု ယူဆရကြောင်း ဂျပန်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားစစ်တပ်သည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့်အနေဖြင့် သြဂုတ် ၂၉ ရက်က ကွပ်ကဲရေးအဆင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်ကင် ဂျုံအွန်သည်လည်း လေ့ကျင့်မှုပြုလုပ်ရာ ကွပ်ကဲရေးဌာနတစ်ခုဆီသို့ သွားရောက်စစ်ဆေး ခဲ့သည်။ ယခုစစ်ရေးလေ့ကျင့်မှုသည် ရုတ်တရက် ကျူးကျော်မှုကို တွန်းလှန်ကာတန်ပြန် ထိုးစစ်ဆင်သည့် သဏ္ဌာန်တူလေ့ကျင့်မှုဖြစ်သည်ဟု KCNA က ဆိုသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
