နောက်လာမည့် ဗြိတိန်အစိုးရအဖွဲ့ အပြောင်းအလဲတွင် နုတ်ထွက်မည်ဟု လွန်ခဲ့သောလက ကြေညာခဲ့သော ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင်ဝေါလေ့သည် ရာထူးမှနုတ်ထွက်လိုက်ပြီဟု သြဂုုတ် ၃၁ ရက်တွင် ဗြိတိန် ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည်။
ဝေါလေ့ထံပေးစာတွင် အသက် ၅၃ နှစ်ရှိ ဝန်ကြီးချုပ်ရီရှီဆူနက်က ရုရှားကျူးကျော်မှုကို တွန်းလှန်နေသည့် ယူကရိန်းအတွက် အနောက်မဟာမိတ်နိုင်ငံများ၏ ကူညီပံ့ပိုးမှုများတွင် ၎င်းအား ဦးဆောင်သူဖြစ်လာစေသည့် ၎င်း၏ စူးစိုက်နှစ်မြှုပ်မှုနှင့် ကျွမ်းကျင်မှုတို့ကို ထုတ်ဖော်ချီးကျူးထားသည်။
“ခင်ဗျားဟာ ကျွန်တော်တို့ရဲ့နိုင်ငံကို ထူးထူးချွန်ချွန် ထမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်”ဟု ဆူနက်က ရေးသားထားပြီး ယူကရိန်းကိစ္စတွင် ဗလာဒီမာပူတင်၏ မှန်ကန်သောရည်ရွယ်ချက်များသည် မည်သည့် အရာဖြစ်သည်ကို ဘင်ဝေါလေ့က အခြားသူများထက် ကြိုမြင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
“ရုရှားတွေ မတိုက်မီ စစ်လက်နက်တွေကို ယူကရိန်းရရှိစေဖို့ ခင်ဗျားရဲ့ပိုင်းဖြတ်လုပ်ဆောင်မှုက ကျူးကျော်မှုကို ဟန့်တားဖို့ ယူကရိန်းသားတွေရဲ့စွမ်းရည်အပေါ် အရေးပါတဲ့သက်ရောက်မှုရှိခဲ့ပါတယ်”ဟု ပေးစာတွင် ဗြိတိန်ဝန်ကြီးချုပ်က ဖော်ပြခဲ့သည်။
စစ်တပ်အရာရှိဟောင်း ဝေါလေ့သည် နေတိုးမဟာမိတ်အဖွဲ့၏ အတွင်းရေးမှူးချုပ်အဖြစ် ဂျန်စတိုလ်တင်ဘတ်၏နေရာကို ဆက်ခံရန် ဗြိတိန်၏ရွေးချယ်မှုဖြစ်ခဲ့သည်။
သို့ရာတွင် ၎င်းသည် စတိုလ်တင်ဘတ်နေရာကို အစားထိုးဝင်ရောက်ရန် အရေးပါသည့် အမေရိကန်ထောက်ခံမှုကို မရခဲ့ပေ။ ထို့ကြောင့် ယခုအအခါ စတိုလ်တင်ဘတ်သည် နေတိုးအကြီးအကဲအဖြစ် သက်တမ်းတိုး ထမ်းဆောင်လျက်ရှိသည်။
နုတ်ထွက်ရန် ဆန္ဒရှိသည်ဟု ဇူလိုင်လထဲတွင်ကြေညာခဲ့ပြီးနောက် ယင်းသို့ဆုံးဖြတ်ရခြင်းမှာ လူထုစစ်တမ်းများတွင် အဓိကအတိုက်အခံ လေဘာပါတီ၏နောက်ကို လောလောဆယ်ရောက်နေသော အာဏာရ ကွန်ဆာဗေးတစ်များသည် နောက်လာမည့် ရွေးကောက်ပွဲတွင် ရှုံးမည့်အနေအထားရှိနေ သောကြောင့်မဟုတ်ဘဲ နယ်နိမိတ်အပြောင်းအလဲများအရ အင်္ဂလန်အနောက်မြောက်ပိုင်းရှိ ၎င်း၏မဲဆန္ဒနယ် ဖျက်သိမ်းခံရသောကြောင့်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
ဘင်ဝေါလေ့သည် ဗြိိတိန်ပါလီမန်ထဲကို ရောက်နေသည်မှာ ၁၈ နှစ်ရှိပြီဖြစ်ပြီး ဝင်စတန်ချာချီ နောက်ပိုင်း သက်တမ်းအကြာဆုံး ထမ်းဆောင်သော ကွန်ဆာဗေးတစ်ကာကွယ်ရေးဝန်ကြီးဖြစ်သည်။
၎င်းသည် ၎င်း၏ နိုင်ငံရေးမဟာမိတ်ဘော်ရစ်ဂျွန်ဆင်မှသည် သက်တမ်းမကြာလိုက်သည့် လစ်ထရပ်စ်၊ ထို့နောက် ဆူနက်အထိ ဝန်ကြီးချုပ်ရာထူးအပြောင်းအလဲများချိန်တွင် အကြီးတန်းရာထူးကို လက်ကိုင်ထား သည့် တစ်ဦးတည်းသောဝန်ကြီးဖြစ်သည်။
၎င်းသည် ၂၀၁၉ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီ်းဖြစ်မလာမီ ဝန်ကြီးချုပ်ဟောင်း ထရီဆာမေလက်ထက်၌ လုံခြုံရေးဝန်ကြီးဖြစ်ခဲ့သည်။
ဘင်ဝေါလေ့သည် တိုရီပါတီဟုလည်းခေါ်သော ကွန်ဆာဗေးတစ်ပါတီ အောက်ခြေအဖွဲ့ဝင်များအကြားတွင် ခိုင်ခိုင်မာမာထောက်ခံမှုရရှိထားသူဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ဖြစ်လာမည့်သူဟု ပုံမှန် တစ်ပေးခံရသူဖြစ်သည်။
သို့ရာတွင် ဘင်ဝေါလေ့သည် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
