နိုင်ငံကို ၅၅ နှစ်အုပ်ချုပ်ခဲ့သော မိသားစုထဲက သမ္မတ အလီဘွန်ဂိုအန်ဒင်ဘာ အနိုင်ရသည်ဟု ကြေညာခဲ့သော အငြင်းပွားစရာ ရွေးကောက်ပွဲအပြီးတွင် အာဏာသိမ်းလိုက်သော ဂါဘွန်အာဏာသိမ်းခေါင်းဆောင်များက သြဂုတ် ၃၀ ရက်တွင် ဗိုလ်ချုပ်ကြီးတစ်ဦးကို အသွင်ကူးပြောင်းကာလဆိုင်ရာ သမ္မတအဖြစ်ခန့်အပ်လိုက်သည်။
အာဏာလွှဲပြောင်းယူလိုက်သည်ဆို သောအာဏာသိမ်းမှုသည် ၂၀၂၀ ခုနှစ်နောက်ပိုင်း အခြားနိုင်ငံ ငါးနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သော အာဖရိကတိုက်တွင် ကူးစက်ဖြစ်ပွားလွယ်သော သက်ဦးစံပိုင် စနစ်နှင့်စပ်လျဉ်း၍ အာဖရိကသမဂ္ဂနှင့် နိုင်ဂျီးရီးယားတို့ထံမှ ပြစ်တင်ရှုတ်ချမှုကို ပေါ်ပေါက်စေခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ဖခင် အိုမာထံမှ အာဏာလွှဲယူခဲ့သော အသက် ၆၄ နှစ်အရွယ် ဘွန်ဂိုကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး ၎င်း၏ သားတစ်ဦးကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ဖမ်းဆီးထားသည်ဟု အာဏာသိမ်းခေါင်းဆောင်များက ပြောကြားသည်။
စစ်သားရာပေါင်းများစွာက သမ္မတအို လီဂွီဟုအော်၍ ဗိုလ်ချုပ်ကြီး ဘရိုက်အိုလီဂွီအန်ဂွီမာအား ပျော်ရွှင်စွာထမ်းလာသည်ကို ရုပ်သံဓာတ်ပုံများတွင် တွေ့ရသည်။ဗိုလ်ချုပ်ကြီးဘရိုက်အိုလီဂွီအန်ဂွီမာသည် ရီပတ်ဘလီကင်အစောင့်တပ်၏ ခေါင်းဆောင်ဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင်များက နောက်ပိုင်းတွင်အိုလီဂွီအန်ဂွီမာကို အသွင် ကူးပြောင်းရေးကာလဆိုင်ရာသမ္မတဟု ကြေညာကြောင်းရုပ်သံထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းမှုသည် အရုဏ်မတက်မီ မိန့်ခွန်းဖြင့် အစပြုခဲ့ခြင်းဖြစ်သည်။ စစ်တပ်အရာရှိတစ်စုက သမ္မတနိုင်ငံ၏ဌာနအားလုံးကို ဖျက်သိမ်းကြောင်း ယင်းမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်လိုက်ကာ နယ်စပ်များကို ပိတ်လိုက်သည်ဟု ပြောကြားခဲ့သည်။
“နိုင်ငံဟာ စိုးရိမ်စရာကောင်းတဲ့ အဖွဲ့အစည်းဆိုင်ရာပြဿနာ၊ စီးပွားရေးပြဿနာ၊ နိုင်ငံရေးပြဿနာ၊ လူမှုရေးပြဿနာတို့ကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်”ဟု နိုင်ငံပိုင်ရုပ်သံတွင် ဖတ်ကြားသောမိန့်ခွန်းအရသိရ သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
