ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် Facebook ပေါ်တွင် ၎င်း၏ပြိုင်ဘက်များကို ခြိမ်းခြောက်ခဲ့သည့် စွပ်စွဲမှုများနှင့်ပတ်သက်ပြီး ၎င်း၏ အကောင့်ကို ပိတ်ပင်ရန် ဘုတ်အဖွဲ့၏ အကြံပြုချက်ကို Facebook ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta က ငြင်းဆိုခဲ့သည်။
မိမိတို့၏ စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုဆိုင်ရာ မူဘောင်အပြင်ဘက်တွင် ရှိနေသည့်အကောင့်များကို ဆိုင်းငံ့ခြင်းသည် မိမိတို့၏ မူဝါဒများနှင့် ကိုက်ညီမှုရှိလိမ့်မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု Meta က သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဘုတ်အဖွဲ့ကို မီတာက ရန်ပုံငွေထောက်ပံ့ပေးထားသော်လည်း ယင်းအဖွဲ့သည် သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့ဖြစ်သည်။
ဟွန်ဆန်၏ Facebook အကောင့်တွင် စည်းမျည်းစည်းကမ်းချိုးဖောက်သည့် ဗီဒီယိုတစ်ခုတင်ခဲ့သဖြင့် ယင်းအကောင့်ကို ခြောက်လကြာ ဆိုင်းငံ့ရန် Meta ၏ ဘုတ်အဖွဲ့က ဇွန်လတွင် အကြံပြုခဲ့သည်။
Meta ကမူ စိစစ်သုံးသပ်မှုများပြုလုပ်ခဲ့ပြီးနောက် ဟွန်ဆန်၏ ဗီဒီယိုကိုဖြုတ်ချရန် သဘောတူခဲ့သော်လည်း ဟွန်ဆန်၏ အကောင့်ကို ဆိုင်းငံ့ရန်ဘုတ်အဖွဲ့၏ အကြံပြုချက်ကိုမူ တုံ့ပြန်မည်မဟုတ်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားအစိုးရကမူ Meta ၏ ဘုတ်အဖွဲ့ဝင် ၂၂ ဦးကို နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ခဲ့ပြီး ယင်းဘုတ်အဖွဲ့၏ အကြံပြုချက်သည် နိုင်ငံရေးသဘောသက်ဝင်နေသည်ဟု ကြေညာခဲ့သည်။
ဇန်နဝါရီလက ဟွန်ဆန်၏ Facebook အကောင့်တွင်တင်ခဲ့သည့် ဗီဒီယိုထဲတွင် ဟွန်ဆန်က ၎င်း၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)သည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွင်း မဲများဝယ်ယူခဲ့သည်ဟု စွပ်စွဲခဲ့သူများကို တရားရေးအရအရေးယူမည်ဖြစ်ကြောင်း သို့မဟုတ် CPP ထောက်ခံသူများက ရိုက်နှက် လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် Meta ၏ အစီရင်ခံစာထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်လေးစုနီးပါး အုပ်ချုပ်ခဲ့သည့် ဟွန်ဆန်သည် ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ သားဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပေးခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့များကမူ ဟွန်ဆန်သည် Facebook ပေါ်တွင် နိုင်ငံရေးအတိုက်အခံများကို ခြိမ်းခြောက်နေပြီး အစိုးရအားဝေဖန်မှုများကို ဟန့်တားခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ဟွန်ဆန်သည် ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့သော်လည်း နိုင်ငံရေးလောကအတွင်း နောက်ထပ် ဆယ်နှစ်ခန့် ဆက်နေဦးမည်ဟု ပြောကြားခဲ့သည်။
ဟွန်ဆန်၏ Facebook Page တွင် ဖော်လိုဝါ ၁၄ သန်းခန့်ရှိပြီး ယင်းသည် ကမ္ဘောဒီး ယားလူဦးရေ အားလုံးနီးပါးခန့်ဖြစ်သည်။
ဟွန်ဆန်သည် ၎င်း၏ Facebook Page ကို အသုံးမပြုဘဲ ယာယီရပ်နားခဲ့ပြီးနောက် ဇူလိုင်လတွင်ပြုလုပ်သည့် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ယင်း Facebook Page တွင် အကြောင်းအရာသစ်များကို မြင် တွေ့ခဲ့ရပြီး ထိုအကြောင်းအရာများကို ဟွန်ဆန်၏ မီဒီယာအဖွဲ့ဝင်တစ်ဦးက တင်ခဲ့ခြင်း ဖြစ်သည်။
Meta ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ကမူ ၎င်း၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်မည်ဟု သြဂုတ် ၂၉ ရက်က ပြောကြားခဲ့ကာ Meta အနေနှင့် လူသိများထင်ရှားသူများအား ၎င်း၏ ပလက်ဖောင်းကို အသုံးပြုပြီး အကြမ်းဖက်လှုံ့ဆော်မှုများပြုလုပ်နေမှုကို ရပ်တန့်ရန်လိုအပ်သည့်အရာအာလုံးကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
