နေပြည်တော်၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီးနောက် အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွား၍ ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ စက်တင်ဘာ ၁၅ ရက်က မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ လူမှုကူညီရေးအ သင်းဝင်များပူးပေါင်း၍ တပ်ကုန်းမြို့နယ်ရှိ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံအတွင်းတင်ကျန်ခဲ့သည့် နွံများ၊ နုန်းများနှင့်အမှိုက်သရိုက်များကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
” တပ်ကုန်းမှာရှိတဲ့ ကုတင် ၁၀၀ ဆေးရုံဝင်းထဲနဲ့ ဆေးရုံအဆောက်အဦထဲကို ရေတွေဝင်သွားပြီး ရေပြန်ကျသွားချိန်မှာ အမှိုက်တွေ၊ နုန်းတွေအများကြီးတင်ကျန်ခဲ့တာ။ မနေ့က စက်တင်ဘာ ၁၄ ရက်ကလည်း ဒီမှာသန့်ရှင်းရေးလုပ်ခဲ့တယ်။ ဒီနေ့လည်းဆက်လုပ်တယ်။ လူနာကုတင်တွေဆိုရင်လည်း ရွှံ့တွေကြီးပဲ။ အကုန်လုံးကိုရေနဲ့ပြန်ဆေးချရတယ်။ ပိုးသတ်ဆေးတွေလည်းပြန်ဖျန်းရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာ ၁၄ ရက်ကလည်း ပျဉ်းမနား၊ ပုပ္ဗသီရိနှင့် ဇေယျာသီရိမြို့နယ်များအတွင်းရှိ လမ်းများပေါ်တွင်
တင်ကျန်နေသည့် ရွှံ့နွံများ၊ နုန်းများနှင့်အမှိုက်သရိုက်များ၊ အချို့ကျေးရွာများ၌ သစ်ပင်လဲကျကာ လမ်းပိတ်ဆို့နေမှုများ၊ မြစ်ချောင်းများအတွင်း ပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်း၊ အမှိုက်သရိုက်များအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
