ပေကျင်း၊စက်တင်ဘာ ၁၄
ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ ဂျာမန်ရေတပ်သင်္ဘောနှစ်စင်းဖြတ်သန်းသွားလာမှုကို တရုတ်ကဆန့်ကျင်ရှုံ့ချခဲ့ပြီး ၎င်းတို့အနေဖြင့် လုံခြုံရေးတိုးမြှင့်ကာ အဆိုပါသင်္ဘောများကို စောင့်ကြည့်သတိပေးခဲ့ကြောင်းပြောကြားခဲ့သည်။
ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာဆိုထားသည့် တရုတ်နိုင်ငံသည် ထိုင်ဝမ်ရေလက်ကြားနှင့်ပတ်သက်၍ ၎င်းသာလျှင်ဆုံးဖြတ်ပိုင်ခွင့် စီရင်ပိုင်ခွင့်ရှိသည်ဟူ၍လည်း ပြောကြားခဲ့သည်။
အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာကွန်တိန်နာသင်္ဘောများ၏ ထက်ဝက်ခန့်ဖြတ်သန်းသွားလာနေသည့် အဆိုပါထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေလမ်းတစ်ခုသာဖြစ်သည်ဟုလည်း ထိုင်ဝမ်နှင့်အမေရိကတို့ကပြောကြားခဲ့သည်။
ဂျာမန်စစ်သင်္ဘောတစ်စင်းနှင့်ထောက်ပံ့ရေးသင်္ဘောတစ်စင်းတို့၏ ထိုင်ဝမ်ရေလက်ကြားဖြတ်သန်းသွားလာမှုကို တရုတ်ရေတပ်နှင့်လေတပ်များက စောင့်ကြည့်ထိန်းချုပ်သတိပေးခဲ့ကြောင်းလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်ကပြောကြားခဲ့သည်။
“ဂျာမနီရဲ့ အခုလုပ်ရပ်ကမဖြစ်သင့်တဲ့ကိစ္စပါ၊လုံခြုံရေးအန္တရာယ်ကိုကြီးမားစေပြီး အကျိုးမရှိစေပါဘူး၊စစ်ဌာနချုပ်က တပ်မတော်သားတွေအနေနဲ့ကတော့ အချိန်တိုင်းသတိရှိနေပြီး ခြိမ်းခြောက်မှုတွေနဲ့ရန်စမှုတွေရှိလာရင် အားလုံးကိုပြတ်ပြတ်သားသားတုန့်ပြန်သွားမှာပါ” ဟူ၍လည်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
ထိုင်ဝမ်ရေလက်ကြားသည် တရုတ်ပင်လယ်ပြင်ဖြစ်ပြီး နိုင်ငံတကာပင်လယ်ပြင်နှင့်ရေလမ်းကြောင်းမဟုတ်ကြောင်း ဂျာမနီအခြေစိုက် တရုတ်သံရုံးကထုတ်ပြန်ကြေငြာခဲ့ပြီး ဂျာမနီအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားစေမည့်ကိစ္စမျိုးကို မလုပ်သင့်ကြောင်းလည်း သတိပေးစကားပြောကြားခဲ့သည်။
Source : ရိုက်တာ/ဂျီအာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
