ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို လက်ကမ်းကြိုဆိုသည့် မူဝါဒကို ကာလကြာရှည်ကိုင်စွဲခဲ့သည့် ဆွီဒင်နိုင်ငံသည် မိမိနေရပ်ပြန်ရန် သဘောတူသည့် ရွှေ့ပြောင်း အခြေချ နေထိုင်သူများကို ပေးသောပိုက်ဆံကို မူလထက် ၃၅ ဆ တိုး၍ အမေရိကန်ဒေါ်လာ ၃၄,၀၀၀ အထိ တိုးမြှင့်ပေးရန် စီစဉ်နေသည်။
ယင်းသို့ နေရပ်ပြန်မည့်သူများအတွက် လက်ရှိကမ်းလှမ်းထားသည့် အကျိုးခံစားခွင့် ဖြစ်သော တစ်ဦးလျှင် ခရိုနာ ၁၀,၀၀၀ ( ၉၇၈ ဒေါ်လာ) မှ ခရိုနာ ၃၅၀,၀၀၀ သို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဆွီဒင်၏ လက်ယာယိမ်းအစိုးရကကြေညာခဲ့သည်။ ၎င်း မက်လုံးနှင့် ပတ်သက်၍ ပိုမိုနားလည်သိရှိစေရန် နှင့် ရွှေ့ပြောင်း အခြေချ နေထိုင်သူများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ထောက်ပံ့ကြေးလျှောက်ထားရာတွင် ပါဝင်သော ကြိုးနီစနစ်ကို လျှော့ချသွားမည်ဟုလည်း သိရသည်။ လက်ရှိအကျိုးခံစားခွင့်အစီအစဉ်တွင် မိသားစုများအတွက် သီးသန့်ခံစားခွင့် ခရိုနာ ၄၀,၀၀၀ ပါဝင်သော်လည်း တိုးမြှင့်ခဲ့သည့် အစီအစဉ်ကြေညာရာတွင် ယင်းအချက် မပါဝင်တော့ပေ။
၂၀၂၆ ခုနှစ်တွင် အသက်ဝင်မည့် ၎င်းသို့ တိုးမြှင့် ထောက်ပံ့မှုသည် အစိုးရက ခန့်အပ်ခဲ့သော စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်နှင့် ဆန့်ကျင်နေသည်။ နေရပ်ပြန်ပို့ခြင်းအစီအစဉ် ကို မြှင့်တင်ဆောင်ရွက်ခြင်းသည် ရွှေ့ပြောင်းနေထိုင်သူများ ကို ဆွီဒင်လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းခြင်းကို အနှောင့်အယှက်ဖြစ်စေသည်ဟု ပြီးခဲ့သည့်လတွင် ကော်မရှင်က အစီရင်ခံခဲ့သည်။
ယခုခြေလှမ်းသည် စစ်ဘေးသင့်နိုင်ငံများ၊ မတည်ငြိမ်ဖြစ်နေသော နိုင်ငံများမှ ထွက်ပြေးလာသူများ၏ ခိုလှုံရာအဖြစ် ကာလရှည်ကြာစွာသိထားသည့် ဆွီဒင်နိုင်ငံအတွက် မူဝါဒနှင့် စကားလုံးအသုံးအနှုန်းပိုင်းတွင် ကြီးမားသော ပြောင်းလဲမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
လက်ယာယိမ်းနှင့် လူပြိန်းကြိုက်ပါတီများ ရှေ့တန်းရောက်လာချိန်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းမာသောရပ်တည်ချက်ကို လက်ခံကျင့်သုံးသည့် ဥရောပနိုင်ငံများ တိုးပွားလာသည့် အခြေအနေတွင် ယခု ဆွီဒင်နိုင်ငံလည်း ပါဝင်လာခြင်းဖြစ်သည်။
Ref:ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
