ရှန်ဟိုင်း၊စက်တင်ဘာ ၁၅
တရုတ်နိုင်ငံသည် နိုင်ငံ၏လူဦးရေအထူထပ်ဆုံး အရှေ့ဘက်ကမ်းရိုးတန်းရှိ ရှန်ဟိုင်းမြို့သို့ အားပြင်းတိုက်ဖွန်းမုန်တိုင်းဘက်ဘင်ကာ ဝင်ကာ မိုးသည်းထန်စွာရွာသွန်းနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နေကြောင်းသိရသည်။
အဆိုပါတိုက်ဖွန်းမုန်တိုင်းဘက်ဘင်ကာသည် တနင်္ဂနွေနေ့ညနှင့် တနင်္လာနေ့မနက်များတွင် ရှန်ဟိုင်းမြို့အပါအဝင် ကမ်းရိုးတန်းတစ်လျှောက်ကုန်းတွင်းပိုင်းသို့ဝင်ရောက်မည်ဟုမျှော်လင့်ထားကြောင်း ပေကျင်း၏အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
မုန်တိုင်းကြောင့် တနင်္ဂနွေနေ့နှင့်အင်္ဂါနေ့များတွင် ဒေသတွင်း၌ မိုးသည်းထန်စွာရွာသွန်းခြင်း သို့မဟုတ် မိုးသက်မုန်တိုင်းများကျရောက်ခြင်းဖြစ်နိုင်ကြောင်းသတင်း ထုတ်ပြန်ထားပြီး အဓိကထိခိုက်နိုင်သည့်နေရာများတွင် ရေလွှမ်းမိုးမှုနှင့်တိုက်ဖွန်းမုန်တိုင်းထိန်းချုပ်ရေးအတွက် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်ဟုလည်းသိရသည်။
ဘက်ဘင်ကာနောက်ဆက်တွဲမြေပြိုမှုလည်းဖြစ်ပေါ်နိုင်ပြီး ခန့်မှန်းချက်များအရ ၎င်းသည် ဆောင်းဦးပေါက်ပွဲတော်ရက်အတွင်းဖြစ်နေနိုင်သဖြင့် အများပြည်သူ သွားလာလည်ပတ်ချိန်တွင် အထိအခိုက်နည်းစေရန် မိုးလေဝသဌာနသည်လည်း တိုက်ဖွန်းအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းသိရသည်။
ရှန်ဟိုင်းနှင့်အနီးတစ်ဝိုက်ဒေသများအား လိမ္မော်ရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပြီး ပြည်သူများအနေဖြင့်လည်း လူအများအပြားစုဝေးခြင်းများမပြုလုပ်ဘဲ ပင်လယ်ပြင်ထွက်သွားသည့်သင်္ဘောနှင့်လှေများကမ်းပြန်ကပ်ရန် မိုးလေဝသဌာနကညွှန်ကြားထားသည်။
တနင်္ဂနွေနေ့၌ ရှန်ဟိုင်းမှထွက်ခွာပြီး ရှန်ဟိုင်းသို့ဆိုက်ရောက်မည့် လေကြောင်းခရီးစဉ်အချို့ကိုလည်း ဖျက်သိမ်းခြင်းနှင့်ရက်ရွှေ့ဆိုင်းခြင်းများပြုလုပ်ထားကြောင်းသိရသည်။ ခရီးသည်တင် သင်္ဘောများသည်လည်း ခရီးစဉ်ရပ်ဆိုင်းခြင်းနှင့်ရက်ရွှေ့ခြင်းများပြုလုပ်ထားသည်ဟုလည်းသိရသည်။
Source : အေအက်ဖ်ပီ/အာရ်ဂျေ/အာရ်စီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
