အွန်လိုင်း အလိ-မ်အညာဂိုဏ်းများတွင် အဓမ္မခိုင်းစေရန်အတွက် လူကုန်ကူးမှုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အထက်လွှတ်တော်အမတ် သူဋ္ဌေးကြီးတစ်ဦးကို အမေရိကက ပိတ်ဆို့ဒဏ်ခတ်ရန် ဆုံးဖြတ်ခဲ့မှုကို အလွန်စိတ်ပျက်ရသည်ဟု ကမ္ဘောဒီးယား အစိုးရက ထုတ်ဖော်ပြောဆိုသည်။ ယင်းလုပ်ရပ်သည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဆိုခဲ့သည်။
အမေရိက၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည့် အစီအစဉ်ကို ကြာသပတေးနေ့တွင် ရိုက်တာသတင်းဋ္ဌာနက စတင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်၏ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ်သစ် ဟွန်မာနက်ကို အမေရိက က လက်ကမ်းရန် ကြိုးပမ်းခဲ့သော်ငြားလည်း ကမ္ဘောဒီးယားသည် ဝါရှင်တန်၏ မဟာပြိုင်ဘက် တရုတ်နှင့် ပိုမိုနီးကပ်သည့်လမ်းကိုသာ လိုက်ခဲ့မှုကြောင့် သိမ်မွေ့သည့် ဆက်ဆံရေးအခြေအနေတွင် ယခုကိစ္စဖြစ်ပေါ်လာခဲ့သည်။
ယခုကဲ့သို့ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းသည် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံအချင်းချင်း ဆက်ဆံရေးကို ထိန်းကွပ်သည့် အခြေခံစံနှုန်းများ၊ အထူးသဖြင့် အချုပ်အခြာအာဏာပိုင်မှုဆိုင်ရာ တန်းတူရေးနှင့် မစွက်ဖက်ရေးမူများဆိုင်ရာ လေးစားလိုက်နာရမှုများကို ထိခိုက်စေကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။
ပစ်မှတ်ထားခံရသော သူဋ္ဌေးကြီး Ly Yong Phatသည် ၂၀၂၀ ပြည့်နှစ်က ဟွန်ဆင်(လက်ရှိ အထက်လွှတ်တော် ဥက္ကဋ္ဌ) ၏ ပုဂ္ဂိုလ်ရေးအကြံပေးအဖြစ် ခန့်အပ်ခံရသူဖြစ်သည်။
သူသည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် အနောက်တောင်ပိုင်းပြည်နယ်တခွင်ကို သြဇာလွှမ်းမိုးမှုကြောင့် “ King of Koh Kong” အဖြစ် အမည်တပ်ခံရသူဖြစ်သည်။
ပိတ်ဆို့ဒဏ်ခတ်မှုများသည် သူ၏ L.Y.P.Group လုပ်ငန်းစုနှင့် O-Smach ဟိုတယ်တို့ကို ပစ်မှတ်ထားခဲ့သည်။ Ly အပိုင် သို့မဟုတ် ထိန်းချုပ်သော ကမ္ဘောဒီးယားအခြေစိုက် Garden City ဟိုတယ်၊ Koh Kong Resort နှင့် ဖနွမ်ပင်ဟိုတယ်တို့ကိုလည်း ပိတ်ဆို့ဒဏ်ခတ်ထားသည်ဟု အမေရိကန် ဘဏ္ဍာရေးဋ္ဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးက ပြောဆိုခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
