ရေဘေးသင့်ဒေသများသို့ ပေါ်ဆန်း/ဧည့်မထ ဆန်အိတ်များ လှူဒါန်းလိုသော အလှူရှင်များအတွက် ရည်ညွှန်း ဆန် ဈေးနှုန်းများအတိုင်း ဆန်အိတ်များ ရောင်းပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၁၃ /၂၀၂၄) ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားနေသော ရေဘေးအန္တရာယ်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များ၊ အသင်းဝင်များအနေဖြင့် အောက်ပါလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်မည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။
ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေး ဆောင်ရွက်နေကြသော အစိုးရအဖွဲ့အစည်းများ၊ လူမှုရေး အကျိုးပြုအရပ်ဘက် အဖွဲ့အစည်းများနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများ၊ ယာယီ ခိုလှုံနေထိုင်သော စခန်းများ အတွက် ချက်ပြုတ် ကျွေးမွေးရန် ဆန်အိတ်များကို လှူဒါန်းသွားမည် ဖြစ်သည်။
ရေဘေးသင့်ဒေသများထံသို့ ပေါ်ဆန်း/ဧည့်မထ ဆန်အိတ်များ လှူဒါန်းလိုသော အလှူရှင်များအတွက် ရည်ညွှန်း ဆန် ဈေးနှုန်းများအတိုင်း ဆန်အိတ်များကို သက်သာသောဈေးဖြင့် ရောင်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကျေးလက်ဒေသများတွင် ရေဘေးမှ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ အထူးသဖြင့် လယ်ယာမြေများတွင် သင့်လျော် သော သီးနှံများ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုး၊ သွင်းအားစု၊ ငွေကြေးထောက်ပံ့မှုများ ကို စီစဉ်ဆောင်ရွက် သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် မတည်ငွေအဖြစ် ငွေကျပ် သိန်း ၁ဝဝဝ စတင် မတည်ပြီး၊ အသင်းဝင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်၍ အထောက်အပံ့/အကူအညီ လိုအပ်သော အဖွဲ့အစည်းများ၊ ပါဝင်လှူဒါန်းလိုသော အလှူရှင်များ၊ လှူဒါန်းရန် ဆန်လိုအပ်သည့် အဖွဲ့အစည်း/ပုဂ္ဂိုလ်များအနေဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်နှင့် အသင်းချုပ် အသင်းဝင်များအနေဖြင့် ပါဝင် လှူဒါန်းနိုင်ပါရန်အသိပေးထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
