စက်တင်ဘာ ၁၅ ရက်က နစက ဥက္ကဋ္ဌ သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကင်းသာရေထိန်းတမံသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းမှာကြားခဲ့ခြင်း ဖြစ်သည်။
ချောင်းအထက်ပိုင်း၌ သစ်ပင်များကို အများအပြားထုတ်ယူခြင်းကြောင့် ရေစီးဆင်းမှုနှုန်းထိန်းသိမ်းနိုင်စွမ်းအားနည်းလာကာ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းချိန်တွင် ရေအလုံးအရင်းဖြင့် စီးဆင်းခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ထို့အတူ သစ်ပင်သစ်တုံးများကို ခုတ်ယူပြီး ချောင်းကမ်းနဖူးများတွင် စုပုံထားခြင်းကြောင့် ရေစီးနှင့်အတူမျောပါလာသည့် သစ်တုံးကြီးများ၏ ရိုက်ခတ်မှုများကြောင့် ရေလမ်းကြောင်းတစ်လျှောက်ထိခိုက်ပျက်စီးမှုများနှင့် တမံကျိုးပေါက်ခြင်းများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
” ဒါ့ကြောင့် ရေလမ်းကြောင်းရှင်းလင်းတာ တမံထဲမှာပြည့်နှက်နေတဲ့ နုန်းတွေ သဲတွေဖယ်ထုတ်တာတွေကို အဆင့်လိုက်ဆောင်ရွက်ရပါမယ်။ ကနဦးအနေနဲ့ အပျက်အစီးတွေရှင်းလင်းတာ တမံဧရိယာပြန်လည်ဖော်ဆောင်တာတွေကို အရင်ဆုံးလုပ်ပြီးမှသာ ကျိုးပေါက်နေတဲ့တမံနေရာတွေကို စနစ်တကျနဲ့ ပြန်လည်ပြုပြင်သွားနိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် ကင်းသာတမံအတွင်း သောင်ထွန်းနေမှု၊ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဝင်ခဲ့မှုကြောင့် တမံကျိုးပေါက်နေမှု၊ သစ်ပင်သစ်တုံးကြီးများ တမံအတွင်း ပိတ်ဆို့နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကင်းသာရေထိန်းတမံသည် ၁၉၉၄-၁၉၉၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကာ မြေသားတမံအမျိုးအစားဖြစ်ပြီး တမံအတွင်း(၇၂)ဧကပေသာ သိုလှောင်ထိန်းသိမ်းနိုင်သည့် ရေထိန်းတမံငယ်ဖြစ်၍ “ယာဂီ” မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားပြီး ကင်းသာရေထိန်းတမံအတွင်း ရေဝင်ရောက်မှုများပြားကာ တမံထိပ်မျက်နှာပြင်မှ ၃ ပေအထိ ရေကျော်စီးဆင်းခဲ့သည်။
ထို့ပြင် တမံ၏ ရေထုတ်ပြွန်အနီးတွင်လည်း ရေတိုက်စားမှုများဖြစ်ပေါ်ခဲ့ကာ တမံအတွင်း သိုလှောင်နိုင်သည့် ရေပမာဏထက် ၁၂ ဆခန့်ရှိသည့် တောင်ကျချောင်းရေများဝင်ရောက်ခဲ့ခြင်း၊ တောင်ကျချောင်းရေနှင့်အတူ သဲနုန်းပို့ချခြင်းများရှိခဲ့ခြင်းတို့ကြောင့် တမံမှ ရေသိုလှောင်နိုင်ခြင်းမရှိတော့ဘဲ မြေသားပေါင်ထိခိုက်ပျက် စီးခဲ့ခြင်းဖြစ်သည်။
ထို့အတူ ကင်းသာသစ်ဆိပ်မှ သစ်လုံးကြီးများ ရေစီးကြောင်းအတိုင်းမျောပါကာ ရေထိန်းတမံအား အရှိန်အဟုန်ဖြင့်ဝင်ဆောင့်ခဲ့မှုများကြောင့်လည်း တမံထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
