လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက် က ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရာနှုန်းပြည့်နိုင်ပွဲရထားသော်လည်း ချန်ပီယံဆုအကြောင်းပြောရန် စောလွန်းသေးကြောင်း တုံ့ပြန်ပြောကြားသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီအစ ခုနစ်ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရထားသလို အသင်းသမိုင်းတစ်လျှောက် အမှတ်ပေးပွဲ ၁၆ ပွဲဆက်တိုက်အနိုင်ရသည့် စံချိန်သစ်လည်း ရရှိထားသည်။
လီဗာပူးလ်အသင်းအနေဖြင့် နှစ်ကြိမ်ဆက်ချန်ပီယံ မန်စီးတီးအသင်းကို ငါးမှတ်ဖြတ်၍ ဆက်လက်ဦးဆောင်ထားနိုင်သော်လည်း ဗန်ဒိုက်က ''အရမ်းစောပါသေးတယ်။ အခုမှ အောက်တိုဘာထဲ ရောက်လုဆဲဆဲပဲရှိသေးပြီး ပွဲကျပ်ကာလတွေလာတော့ မှာပါ။ ပွဲတွေအများကြီး ကျန်ပါသေးတယ်။ ကျွန်တော်တို့ကတော့ နောက်လာမယ့်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အချိုးအကွေ့က ဘယ်လောက်မြန်လဲဆိုတာ အားလုံးကောင်းကောင်းသိထားပြီးသားပါ''ဟု ပြောကြားသည်။
၂၀၁၈-၁၉ ရာသီတွင် ချန်ပီယံဖြစ်သွားသည့် မန်စီးတီးအသင်း၏နောက် တစ်မှတ်အကွာဖြင့် လီဗာပူးလ်အသင်း (၉၇ မှတ်)က ဒုတိယရရှိခဲ့ပြီး အများဆုံးရရှိနိုင်သည့်အမှတ်ထက် (၁၇)မှတ်သာ လျော့နည်းခဲ့သည်။
ဒုတိယဆုရှင် လီဗာပူးလ်အသင်း၏အမှတ်ပေါင်းမှာ ၂၀၁၇-၁၈ ရာသီချန်ပီယံ မန်စီးတီး(၁၀၀ မှတ်)မှအပ ကျန်ပရီးမီးယားလိဂ်ချန်ပီယံအသင်းအားလုံး၏ရမှတ်ထက် သာလွန်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
