မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အားနည်းနေသည့် တိုက်စစ်ပိုင်းကို ဇန်နဝါရီတွင် အင်အားဖြည့်တင်းနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
မန်ယူအသင်းသည် ယခုနွေရာသီတွင် လူကာကူနှင့် ဆန်းချက်ဇ်တို့ကို ထွက်ခွာခွင့်ပြုခဲ့သော်လည်း တိုက်စစ်ကစားသမားပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းမရှိသဖြင့် အခက်အခဲများ ရင်ဆိုင်နေရသည်။
စက်တင်ဘာ ၃၀ ရက် ညပိုင်းက အာဆင်နယ်အသင်းနှင့်ကစားသည့်ပွဲမတိုင်မီအထိ ခြောက်ပွဲကစားရာတွင် ရှစ်ဂိုးသာသွင်းယူထားနိုင်ပြီး ထိပ်သီးခြောက်သင်းအနက် သွင်းဂိုးအနည်းဆုံးဖြစ်နေသလို တစ်ဂိုးအထက် သွင်းယူနိုင်သည့်ပွဲမှာလည်း နှစ်ပွဲသာရှိကြောင်း သိရသည်။
ထို့ပြင် ရပ်ရှ်ဖို့ဒ်နှင့် မာစီယဲလ်တို့ ဒဏ်ရာပြဿနာကြုံတွေ့ ချိန်တွင် အသက် ၁၇ နှစ်အရွယ် လူငယ်ကစားသမား ဂရင်းဝုဒ်တစ်ဦးတည်းသာ ရွေးချယ်စရာကျန်ရှိတော့သဖြင့် ဇန်နဝါရီတွင် တိုက်စစ်ပိုင်းအားဖြည့်ရန် စီစဉ်နေခြင်းဖြစ်သည်။
''အလက်ဆစ် (ဆန်းချက်ဇ်) နဲ့ ရိုမီလူ (လူကာကူ) တို့ကို ထွက်ခွာခွင့်ပြုလိုက်ပေမဲ့ ပါရမီရှင် ကစားသမားရှာလို့မတွေ့ခဲ့ပါဘူး။ လာမယ့်တစ်ကြိမ်မှာ တိုက်စစ်ပိုင်းအားဖြည့်နိုင်ဖို့ ကြိုးစားသွားမှာပါ။ အခွင့်အရေးဖန်တီးမှုနဲ့ ဂိုးတွေသွင်းယူနိုင်မယ့်သူကို ရှာဖွေသွားမှာ ပါ။ အသင်းနဲ့သင့်တော်တဲ့သူတစ်ယောက် ယောက်သာရှိမယ်ဆိုရင် ကျွန်တော်တို့ခေါ် ထားပြီးပါပြီ။ ရွန် (လူကာကူ) က ဒီမှာ ဆက် မကစားချင်တော့လို့ ထွက်ခွင့်ပေးခဲ့တာပါ။ တိုက်စစ်မှူးတွေအများကြီးရှိပေမဲ့ ကျွန်တော် တို့လိုချင်တဲ့သူမရှိပါဘူး။ အသင်းအတွက် လိုအပ်နေတဲ့သူ ရှာမတွေ့သေးပါဘူး''ဟု ဆိုးလ်ရှားက ပြောကြားသည်။
ထို့ပြင် ၎င်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြရေပန်းစားမှုစာရင်းတွင် ဒုတိယနေရာရောက်နေသော်လည်း စိုးရိမ်ပူပန်မှုမရှိသလို မိမိကိုယ်ကိုယ်သံသယမဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။
''ကျွန်တော်ကတော့ ကိုယ့်ကိုယ် ကိုယ်သံသယမရှိပါဘူး။ ကိုယ်တိုင်သံသယရှိနေရင် တစ်ကမ္ဘာလုံးမှာရှိတဲ့သူအားလုံးက အဲဒီလို ပိုတွေးကြမှာပေါ့။ ကျွန်တော်ကတော့ ကိုယ်လုပ်နေတာတွေအတွက် ယုံကြည်မှုရှိပါတယ်''ဟု ဆိုးလ်ရှားက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
