လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က နောက်ပိုင်းပွဲစဉ်များတွင် ကျဉ်းမြောင်းသည့် ရလဒ်များဖြင့်သာ အနိုင်ရရှိနေသော်လည်း ယင်းအခြေအနေမှာ အရေးမကြီးကြောင်းနှင့် နိုင်ပွဲများရနေသရွေ့ မိ မိ၏အသင်းကို အပြောင်းအလဲပြုလုပ်မည်မဟုတ်ဟု ပြောကြားသွားခဲ့သည်။
လီဗာပူးလ်အသင်းသည် ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့သည့်ပွဲအပါအဝင် ပရီးမီးယားလိဂ်နောက်ဆုံးနိုင်ပွဲနှစ်ပွဲကို တစ်ဂိုးအသာဖြင့်သာ ကပ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ နာပိုလီအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲမှ စတွက်ပါက ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲတွင် သွင်းဂိုး (၅)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
လီဗာပူးလ်အသင်း၏ နာမည်ကျော်တိုုက်စစ်မှူးများဖြစ်သည့် မာနေနှင့် ဆာလာတို့မှာလည်း ယင်းပွဲစဉ်(၄)ပွဲအနက် ချန်ပီယံလိဂ်တစ်ပွဲနှင့် ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲကို ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ချေ။
တိုက်စစ်မှူးများ၏ ဂိုးသွင်းနှုန်းနှင့် တိုက်စစ်ပိုင်း ဂိုးသွင်းအား သိသိသာသာကျဆင်းလာသော်လည်း လီဗာပူးလ်အသင်းသည် ယခုအချိန်တွင် ပရီးမီးယားလိဂ်နိုင်ပွဲဆက်နေမှုမှာ (၁၆)ပွဲအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အ သင်းသမိုင်းတစ်လျှောက်နိုင်ပွဲဆက်မှုအချိန်အကြာဆုံး စံချိန်ကို ဆက်လက်တိုးမြှင့်နေဆဲဖြစ်သည်။
ထို့ပြင် မန်စီးတီးအသင်းတင်ရှိထားသည့် အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် နိုင်ပွဲဆက်အများဆုံးစံချိန် (၁၈)ပွဲကိုလည်း လိုက်မီရန် (၂)ပွဲသာ လိုတော့သည်။
ကလော့ပ်က ''ကျွန်တော်တို့အသင်းက တကယ်အလုပ်လုပ်နေပါ တယ်။ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာလည်း (၉၅)မိနစ်လုံးလုံး အလုပ်ကောင်းကောင်းလုပ်ခဲ့ပြီး နောက်ဆုံးမှာ နိုင်ပွဲရရှိခဲ့ပါတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ရလဒ်တွေနဲ့ အနိုင်ရတယ် ဆိုတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဘယ်နှကြိမ်ရှိပြီလဲဆိုတာတော့ ကျွန်တော်မသိတော့ဘူး။ ဒါပေမဲ့ ဒီလိုမျိုးနိုင်ပွဲတွေ ရခဲ့ဖူးပါတယ်။ ကျွန်တော့်အတွက်တော့ ဒီလို နိုင်ပွဲတွေအတွက်လည်း ကျေနပ်ပါတယ်။ ကျွန်တော့်အသင်းက နိုင်ပွဲတွေယူနိုင်သေးသရွေ့ အပြောင်းအလဲလုပ်ဖို့လည်း မရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်း၏ နောက်ခံလူဖြစ်သည့် ဗန်ဒိုက်သည် ရှက်ဖီးယူနိုက်တက်အသင်းနှင့်ပွဲတွင် Man of the Match ဆုကို ရရှိခဲ့ပြီး ယင်းပွဲနှင့် ပတ်သက်၍ ''ဒီရာသီတစ်လျှောက်လုံးမှာ ဒီလောက်ခက်ခဲတဲ့ပွဲကို ကျွန်တော်တို့ မကစားခဲ့ရသေးဘူး။ ကျွန်တော်တို့ခံစစ်ကစားသမားတွေဟာ ပြိုင်ဘက်တိုက်စစ်ကစားသမားတွေနဲ့ အကြိမ်ပေါင်းများစွာရင်ဆိုင်ခဲ့ရပါတယ်''ဟု ဝန်ခံပြောကြားခဲ့ပြီး အနိုင်ဂိုးရှင် ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းကလည်း မိမိတို့အသင်းသည် ယင်းပွဲတွင် နိုင်ပွဲရရှိရန်အတွက် ခက်ခက်ခဲခဲကစားခဲ့ရသည်ဟု ဝန်ခံပြောကြားခဲ့သည်။
အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် နိုင်ပွဲဆက်စံချိန်အများဆုံးရရှိသည့်အသင်းများ
အသင်း နိုင်ပွဲဆက်အရေအတွက် နိုင်ပွဲရပ်တန့်သည့်အချိန်
မန်စီးတီး ၁၈ ပွဲ ၂၇-၁၂-၂၀၁၇
လီဗာပူးလ် ၁၆ ပွဲ -
မန်စီးတီး ၁၅ ပွဲ ၁၀-၈-၂၀၁၉
အာဆင်နယ် ၁၄ ပွဲ ၁၈-၈-၂၀၀၂
ချယ်လ်ဆီး ၁၃ ပွဲ ၃၁-၁၂-၂၀၁၆
ပရက်စတန် ၁၃ ပွဲ ၅-၅-၁၈၉၂
ဆန်းဒါးလန်း ၁၃ ပွဲ ၂-၄-၁၈၉၂
စပါး ၁၃ ပွဲ ၁-၁၂-၁၉၆၀
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
