ယခုတစ်ပတ်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်၌ ထိပ်တိုက်ရင်ဆိုင်ရမည့် စပါးအသင်းနှင့်ပတ်သက်၍ ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်က သုံးသပ်မှုများပြုလုပ်ခဲ့ရာတွင် ပြိုင်ဘက်တိုက်စစ်မှူး ဟာရီကိန်းသည် ၎င်းတို့၏ တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် အဆင့်တူတိုက်စစ်မှူးဖြစ်သည်ဟု ချီးကျူးခဲ့ကြောင်း သိရှိရသည်။
ကိုဗက်က ''ဟာရီကိန်းက သူ့ရဲ့ အရည်အသွေးကို ပရီးမီးယားလိဂ်မှာရော အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ပြသနေတဲ့သူပါ။ သူက စွယ်စုံရတဲ့ ကစားသမား၊ အလွန်သန်စွမ်းတဲ့ တိုက်စစ်မှူးလည်းဖြစ်ပါတယ်။ သူ မလုပ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး။ သူနဲ့ လီဝန်ဒေါစကီးက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး(၄)ဦးစာရင်းထဲ ထည့်သွင်းရမယ့်သူတွေလည်း ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် စပါးအသင်းအနေဖြင့် လက်ရှိအချိန်တွင် ရုန်းကန်နေရသော်လည်း ပိုချက်တီနိုလို နည်းပြနှင့် ကမ္ဘာ့အဆင့်ကစားသမားများကို ပိုင်ဆိုင်ထားခြင်း ကြောင့် တိုးတက်မှုရှိနေသည့်အသင်းဖြစ်သည်ဟုလည်း သုံးသပ်ခဲ့သည်။
ကိုဗက်က ''သူတို့ကို ဥရောပပြိုင်ပွဲတွေမှာ အရင် (၇)နှစ်၊ (၈)နှစ်လောက်က မတွေ့မြင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ထိပ်သီးအသင်းကြီးတွေကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်နေပါပြီ။ ကျွန်တော့်အမြင်မှာတော့ သူတို့ဟာ အလွန်အ ပေါင်းလက္ခဏာဆောင်နေတဲ့အသင်းဖြစ်ပါတယ်''ဟုလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
