မန်စီးတီးအသင်းကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားသည် စက်တင်ဘာ (၂၈)ရက်ကကစားခဲ့သည့် အဲဗာတန်အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် လူစားဝင်ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ်၌ နိုင်ပွဲ (၂၀၀)အမြန်ဆုံးပြည့်သည့် ကစားသ မားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အသက် (၃၃)နှစ်ရှိ စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားသည် အဆိုပါပွဲစဉ်တွင် ပွဲချိန် (၈၆)မိနစ်၌ စတာလင်အစား လူစားဝင်ကာ သူ၏ (၂၈၉)ပွဲမြောက်အဖြစ် ကစားခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ဆေးလ်ဗားသည် ပရီးမီးယားလိဂ်တွင် နိုင်ပွဲ (၂၀၀)ကို (၃၀၅)ပွဲဖြင့် အမြန်ဆုံးရယူထားသည့် ချယ်လ်ဆီးအသင်းနောက်ခံလူဟောင်း တယ်ရီကိုကျော်ဖြတ်ကာ အမြန်ဆုံး နိုင်ပွဲ (၂၀၀)ပြည့်သူဖြစ်လာခဲ့သည်။
မန်စီးတီးအသင်းခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားသည် ယခုရာသီကို သူ၏နောက်ဆုံးရာသီအဖြစ် ပါဝင်ကစား နေခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားသည်။
ထို့ပြင် ဆေးလ်ဗားသည် ၂၀၁ဝခုနှစ် နွေရာသီက ဗလင်စီယာအသင်းမှ ရောက်ရှိလာခဲ့ ပြီးနောက် မန်စီးတီးအတွက် (၉)ရာ သီအတွင်း ပြိုင်ပွဲစုံ (၃၉၅)ပွဲကစား ကာ ဂိုး(၇၀)သွင်းယူပေးထားသည်။
ဆေးလ်ဗားသည် မန်စီးတီးနှင့်အတူ ကစားခဲ့သည့်ကာလအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု (၄) ကြိမ်၊ FA ဖလား (၂)ကြိမ်နှင့် လိဂ်ဖလား(၄)ကြိမ် ရယူနိုင်ခဲ့သည်။
ပရီးမီးယားလိဂ်တွင် နိုင်ပွဲ (၂၀၀)အမြန်ဆုံးပြည့်သည့်ကစားသမားများ
အမည် အသင်း ကစားသည့်ပွဲ
ဒေးဗစ်ဆေးလ်ဗား မန်စီးတီး ၂၈၉
တယ်ရီ ချယ်လ်ဆီး ၃၀၅
ပီတာချက် ချယ်လ်ဆီး ၃၁၀
ရိုင်ယန်ဂစ် မန်ယူ ၃၁၅
အက်ရှ်လေကိုးလ် အာဆင်နယ်- ချယ်လ်ဆီး ၃၁၈
ပေါလ်စခိုးလ် မန်ယူ ၃၂၃
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
